Daily Scripture

John 10:19-21

  • 19 There was a division therefore again among the Jews for these sayings.
  • 20 And many of them said, He hath a devil, and is mad; why hear ye him?
  • 21 Others said, These are not the words of him that hath a devil. Can a devil open the eyes of the blind?

Tuesday 17-March, 2026

  • John 8
    • 1 ယေဇူးသည်လည်း သံလွင်တောင်ပေါ်သို့ တက်တော်မူ၏။-
    • 2 နောက်တစ်နေ့နံနက်စောစော၌ ကိုယ်တော်သည် ဗိမာန်တော်သို့ တစ်ဖန်ကြွတော်မူ၏။ လူအပေါင်းတို့သည်လည်း အထံတော်သို့ လာကြသဖြင့် ကိုယ်တော်သည်ထိုင်၍ သူတို့ကိုသွန်သင်တော်မူစဉ်၊-
    • 3 အိမ်ထောင်ရေးဖောက်ပြန်ရာ၌ ဖမ်းမိသောမိန်းမတစ်ဦးကို ကျမ်းတတ်ဆရာများနှင့် ဖာရီဇေးဦးတို့သည် ခေါ်ဆောင်လာ၍ လူတို့အလယ်တွင် ရပ်နေစေ၏။-
    • 4 သူတို့က ကိုယ်တော်အား ဆရာသခင်၊ ဤမိန်းမကို အိမ်ထောင်ရေးဖောက်ပြန်မှု ကျူးလွန်နေစဉ် ဖမ်းမိခဲ့ပါ၏။-
    • 5 ပညတ်တရားတွင် မိုးဇက်က ဤမိန်းမမျိုးကို ကျောက်ခဲနှင့် ပေါက်သတ်ရမည်ဟု အကျွန်ုပ်တို့အား ပညတ်ခဲ့ပါ၏။ သူမနှင့်ပတ်သက်၍ ကိုယ်တော်မည်သို့ မိန့်တော်မူမည်နည်းဟု လျှောက်ကြ၏။-
    • 6 သူတို့သည် ကိုယ်တော့်ကို အပြစ်တင်နိုင်ရန် စုံစမ်းလို၍ ဤသို့လျှောက်ထားခြင်းဖြစ်၏။ သို့ရာတွင် ကိုယ်တော်သည် အောက်သို့ငုံ့၍ မြေပေါ်တွင် လက်ညှိုးတော်နှင့် ရေးမှတ်လျက် နေတော်မူ၏။-
    • 7 သူတို့သည် ကိုယ်တော်အား ဆက်လက်၍ မေးမြန်းကြသောအခါ ကိုယ်တော်သည် မော်ကြည့်လျက် သင်တို့တွင် အပြစ်ကင်းသူသည် ဦးစွာပထမ သူမကိုကျောက်ခဲနှင့် ပေါက်စေဟု မိန့်တော်မူ၏။-
    • 8 ထို့နောက် ကိုယ်တော်သည် တစ်ဖန်အောက်သို့ငုံ့၍ လက်ညှိုးတော်ဖြင့် မြေပေါ်တွင် ရေးမှတ်လျက်နေတော်မူ၏။-
    • 9 ထိုသူတို့မူကား ထိုစကားကိုကြားကြသောအခါ အသက်ကြီးသူတို့မှစ၍ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားသဖြင့် ရှေ့တော်၌ ရပ်နေသော မိန်းမနှင့် ယေဇူးတစ်ပါးတည်းသာ ကျန်ရစ်လေ၏။-
    • 10 ကိုယ်တော်သည် မော်ကြည့်၍ အချင်းအမျိုးသမီး၊ ထိုသူတို့ အဘယ်မှာနည်း။ မည်သူမျှ သင့်ကိုအပြစ်ဒဏ် မပေးသလောဟု မေးတော်မူ၏။-
    • 11 သူမက မည်သူကမျှ အပြစ်ဒဏ်မပေးပါ၊ သခင်ဟု လျှောက်ထားလေ၏။ ယေဇူးက ငါသည်လည်း သင့်အား အပြစ်ဒဏ်မစီရင်တော့ပြီ။ သွားလော့။ နောက်တစ်ဖန် အပြစ်မပြုလေနှင့် ဟု မိန့်တော်မူ၏။
    • 12  တစ်ဖန် ယေဇူးက ငါသည် လောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်တွင် သွားလာရမည် မဟုတ်။ သူသည် အသက်နှင့်ဆိုင်သော အလင်းကိုရလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။-
    • 13 ထိုအခါ ဖာရီဇေးဦးတို့က သင်သည် မိမိကိုယ်ကို သက်သေခံနေခြင်းဖြစ်၍ သင်၏သက်သေခံချက်သည် မှန်ကန်မှုမရှိဟု ကိုယ်တော်အား ဆိုကြ၏။-
    • 14 ယေဇူးကလည်း ငါသည် ကိုယ့်အကြောင်းကို သက်သေခံသော်လည်း ငါ၏သက်သေခံချက်သည် မှန်ကန်၏။ အကြောင်း မူကား ငါသည် မည်သည့်အရပ်ကလာ၍ မည်သည့်အရပ်သို့ သွားမည်ကို ငါသိ၏။ သင်တို့မူကား မည်သည့်အရပ်မှ ငါလာသည်ကိုလည်းကောင်း၊ မည်သည့်အရပ်သို့ ငါသွားမည်ကိုလည်းကောင်း မသိကြ။-
    • 15 သင်တို့သည် လူ၏ အသွေးအသားအတိုင်း စီရင်ကြ၏။ ငါမူကား မည်သူ့ကို မျှမစီရင်။-
    • 16 အကယ်၍ ငါစီရင်လျှင်လည်း ငါ၏စီရင်ချက်သည် မှန်ကန်၏။ အကြောင်းမူကား ငါသည် တစ်ဦးတည်း စီရင်သည်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောသူနှင့် အတူစီရင်သောကြောင့်ဖြစ်၏။-
    • 17 သင်တို့၏ ပညတ်တရားတွင် သက်သေနှစ်ဦး၏ ထွက်ဆိုချက်သည် မှန်ကန်၏ဟု ရေးထား၏။-
    • 18 ငါသည် မိမိကိုယ်ကို သက်သေခံ၏။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည်လည်း ငါ့ကို သက်သေခံ၏ဟု မိန့်တော်မူ၏။-
    • 19 ထို့ကြောင့် သူတို့က သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်းဟု မေးကြ၏။ ယေဇူးက သင်တို့သည် ငါ့ကိုလည်းကောင်း၊ ငါ၏ခမည်းတော်ကိုလည်းကောင်း မသိကြ။ အကယ်၍ သင်တို့သည် ငါ့ကိုသိကြပါလျှင် ငါ၏ ခမည်းတော်ကိုလည်း သင်တို့သိကြလိမ့်မည်ဟု ပြန်ဖြေတော်မူ၏။-
    • 20 ကိုယ်တော်သည် ဤစကားများကို ဗိမာန်တော်အတွင်း၊ ဘဏ္ဍာတိုက်တွင် ဟောပြောသွန်သင်စဉ် မိန့်တော်မူခြင်းဖြစ်၏။ သို့ရာတွင် ကိုယ်တော်၏အချိန်မကျရောက်သေးသဖြင့် မည်သူကမျှ ကိုယ်တော့်ကို မဖမ်းဆီးကြ။
    • 21  တစ်ဖန် ကိုယ်တော်က ငါသည်သွားရမည်။ ထိုအခါ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ သို့ရာတွင် သင်တို့သည် မိမိတို့၏အပြစ်ဒုစရိုက်၌ သေကြလိမ့်မည်။ ငါသွားသောအရပ်သို့ သင်တို့လာနိုင်ကြလိမ့်မည်မဟုတ်ဟု သူတို့အား မိန့်တော်မူ၏။-
    • 22 ထိုအခါ ဂျူးလူမျိုးတို့က ငါသွားသောအရပ်သို့ သင်တို့လာနိုင်ကြလိမ့်မည်မဟုတ်ဟု သူဆိုခဲ့သောကြောင့် သူသည် မိမိကိုယ်ကို သတ်သေမည်လောဟု အချင်းချင်းပြောဆိုကြလေ၏။-
    • 23 ကိုယ်တော်ကလည်း သင်တို့သည် အောက်အရပ်မှလာကြ၏။ ငါမူကား အထက်အရပ်မှလာ၏။ သင်တို့သည် လောကီသားများဖြစ်ကြ၏။ ငါမူကား လောကီသားမဟုတ်။-
    • 24 ထို့ကြောင့် သင်တို့သည် သင်တို့၏အပြစ်၌ သေကြလိမ့်မည်ဟု ငါဆိုခြင်းဖြစ်၏။ အကြောင်းမူကား ငါသည် ထိုသူဖြစ်သည်ကို သင်တို့မယုံကြည်ကြလျှင် သင်တို့သည် သင်တို့အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။-
    • 25 ထိုအခါ သူတို့က သင်သည် မည်သူနည်းဟု ကိုယ်တော်အား မေးကြ၏။ ယေဇူးက ငါမည်သူဖြစ်သည်ကို အစဦးကပင် သင်တို့ အား ငါပြောခဲ့ပြီ။-
    • 26 ငါသည် သင်တို့၏ အကြောင်းနှင့်စပ်လျဉ်း၍ ပြောစရာများစွာရှိပြီး သင်တို့အား စီရင်စရာများစွာရှိ၏။ သို့သော် ငါ့ကို စေလွှတ်တော်မူသောသူသည် ဖြောင့်မှန်တော်မူ၏။ သူ့ထံမှ ငါကြားရသမျှတို့ကို လောကီသားတို့အား ငါကြေညာ ဟောပြောသည်ဟု သူတို့အား မိန့်တော်မူ၏။-
    • 27 ကိုယ်တော်သည် ခမည်းတော်ကိုရည်ညွန်း၍ သူတို့အား ထိုသို့မိန့်မြွက်တော်မူကြောင်းကို သူတို့နားမလည်ကြ။-
    • 28 ထို့ကြောင့် ယေဇူးက သူတို့အား မိန့်တော်မူသည်ကား သင်တို့သည် လူသားကို မြှောက်ထားကြသောအခါ ငါသည် ထိုသူဖြစ်ကြောင်းကိုလည်းကောင်း၊ ငါသည် မိမိ၏အလိုဆန္ဒအလျောက် မည်သည့်အမှုကိုမျှ မပြုဘဲ ငါ့အား ခမည်းတော် သွန်သင်တော်မူသည့်အတိုင်း ငါဟောပြောသွန်သင်ကြောင်းကိုလည်းကောင်း သင်တို့သိကြလိမ့်မည်။-
    • 29 ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူပြီး သူသည် ငါ့ကိုတစ်ဦးတည်း စွန့်ပစ်ထားတော်မမူ။ အကြောင်းမူကား ငါသည် ကိုယ်တော်နှစ်သက်တော်မူသော အမှုကို အစဉ်အမြဲ လုပ်ဆောင်သောကြောင့်ဖြစ်သည်ဟု မိန့်တော်မူ၏။-
    • 30 ကိုယ်တော်သည် ဤအကြောင်းအရာများကို မိန့်တော်မူပြီးသောအခါ များစွာသော လူတို့သည် ကိုယ်တော့်ကို ယုံကြည်လာကြ၏။
    • 31  ထိုအခါ ယေဇူးသည် မိမိကိုယုံကြည်လာကြသော ဂျူးလူမျိုးတို့အား သင်တို့သည် ငါ၏စကားအတိုင်း လိုက်နာကြလျှင် အမှန်ပင် ငါ၏တပည့်များဖြစ်ကြ၏။-
    • 32 သင်တို့သည် သမ္မာတရားကို သိကြလိမ့်မည်။ ထိုသမ္မာတရားသည်လည်း သင်တို့ကို လွတ်လပ်စေလိမ့်မည်ဟု မိန့်တော်မူ၏။-
    • 33 ထိုသူတို့ကလည်း အကျွန်ုပ်တို့သည် အာဘရာဟံ၏ သားမြေးများဖြစ်ကြ၍ မည်သည့်အခါကမျှ သူတစ်ပါး၏ကျွန် မဖြစ်ခဲ့ဖူးပါ။ သင်တို့သည် လွတ်လပ်မှု ကိုရကြလိမ့်မည်ဟူ၍ အဘယ်ကြောင့် သင်ဆိုသနည်းဟု ယေဇူးကိုပြန်မေးကြ၏။
    • 34 ယေဇူးက သူတို့အား ပြန်ပြောတော်မူသည်မှာ သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား အပြစ်ကျူးလွန်ကြသော သူတိုင်းသည် အပြစ်၏ကျေးကျွန်ဖြစ်၏။-
    • 35 ကျွန်အစေခံသည် အိမ်တွင် အစဉ်အမြဲ နေထိုင်သည်မဟုတ်။ သားဖြစ်သူသည်ကား အစဉ်အမြဲနေထိုင်၏။-
    • 36 သို့ဖြစ်၍ သားတော်သည် သင်တို့ကိုဖြေလွှတ်လျှင် သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်။-
    • 37 သင်တို့သည် အာဘရာဟံ၏ သားမြေးများဖြစ်ကြောင်းကို ငါသိ၏။ သို့သော် သင်တို့သည် ငါ၏စကားကို လက်မခံနိုင်သောကြောင့် ငါ့ကိုသတ်ရန် ရှာကြံကြ၏။-
    • 38 ငါသည် ခမည်းတော်၏ မျက်မှောက်တော်တွင် မြင်ခဲ့ရသောအရာကို ပြောဆို၏။ သင်တို့သည်လည်း သင်တို့၏ အဖထံမှ ကြားရသမျှတို့ကို ပြုကြ၏ဟု မိန့်တော်မူ၏။
    • 39 သူတို့ကလည်း အာဘရာဟံသည် အကျွန်ုပ်တို့၏ အဖဖြစ်သည်ဟု ကိုယ်တော်အား ဆိုကြ၏။ ယေဇူးက သင်တို့သည် အာဘရာဟံ၏ သားသမီးများဖြစ်ပါမူ အာဘရာဟံ ပြုလုပ်ခဲ့သည့်အတိုင်း သင်တို့ ပြုလုပ်ကြပေလိမ့်မည်။-
    • 40 ယခုမူကား ဘုရားသခင်၏ အထံတော်မှ ကြားခဲ့ရသော သမ္မာတရားကို သင်တို့အား ပြောကြားသူဖြစ်သည့် ငါ့ကိုသတ်ရန် သင်တို့ကြံစည်နေကြ၏။ အာဘရာဟံကား ဤကဲ့သို့မပြုကျင့်ခဲ့ချေ။-
    • 41 သင်တို့သည် သင်တို့၏ အဖပြုသကဲ့သို့ပြုကြ၏ဟု သူတို့အား မိန့်တော်မူ၏။ သူတို့က အကျွန်ုပ်တို့သည် တရားမဝင် ပေါင်းသင်းဆက်ဆံရာမှ မွေးဖွားလာကြသူများမဟုတ်ပါ။ အကျွန်ုပ်တို့တွင် ဘုရားသခင်တည်းဟူသော အဖတစ်ပါးတည်းသာ ရှိပါသည် ဟုဆိုကြလေ၏။-
    • 42 ယေဇူးက ဘုရားသခင်သည် သင်တို့၏အဖဖြစ်လျှင် သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် ဘုရားသခင်ထံတော်မှ ဖြစ်ပေါ်လာ၍ ရောက်လာခဲ့ပြီ။ ငါသည် ငါ၏အလိုဆန္ဒအလျောက် လာခဲ့သည်မဟုတ်။ ကိုယ်တော်သည် ငါ့ကို စေလွှတ်တော်မူခြင်းဖြစ်၏။-
    • 43 ငါဟောပြောသည့်အရာကို အဘယ်ကြောင့် သင်တို့နားမလည်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ငါ၏စကားကို နားထောင်နိုင်စွမ်းမရှိသောကြောင့်ဖြစ်၏။-
    • 44 သင်တို့သည် သင်တို့၏အဖ နတ်ဆိုးထံမှဖြစ်၍ သင်တို့၏စိတ်သည် သင်တို့အဖ ၏အလိုဆန္ဒကိုသာ လိုက်နာလိုကြ၏။ သူသည် အစဦးကပင် လူ့အသက်ကို သတ်သောသူဖြစ်ပြီး သမ္မာတရားနှင့် မည်သည့်အခါမျှ မစပ်ဆိုင်ခဲ့ပေ။ အကြောင်းမူကား သူ၌သမ္မာတရားမရှိသောကြောင့်ဖြစ်၏။ သူသည် မုသားစကားကိုပြောသောအခါ မိမိ၏ဇာတိသဘောအတိုင်း ပြောဆိုတတ်၏။ အကြောင်းမူကား သူသည် လိမ်ညာသူတစ်ဦးဖြစ်ပြီး လိမ်လည်လှည့်ဖြားခြင်း၏ အဖလည်းဖြစ်၏။-
    • 45 သို့ရာတွင် ငါသည် သမ္မာတရားကို ပြောဆိုသော ကြောင့် သင်တို့သည် ငါ့ကို မယုံကြည်ကြ။-
    • 46 သင်တို့တွင် မည်သူသည် ငါ၌အပြစ်ရှိကြောင်းကို ဖော်ပြနိုင်သနည်း။ ငါသည် သမ္မာတရားကိုပြောဆိုသည်မှန်လျှင် အဘယ်ကြောင့် သင်တို့သည် ငါ့ကိုမယုံကြည်ကြသနည်း။-
    • 47 ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏ စကားများကို နားထောင်၏။ သင်တို့သည် ဘုရားသခင်ထံမှ မဟုတ်သောကြောင့် ဤစကားတို့ကို နားမထောင်ကြဟု မိန့်တော်မူ၏။
    • 48  ဂျူးလူမျိုးတို့က သင်သည် ဆမာရိယလူမျိုးတစ်ဦးဖြစ်၍ သင်၌နတ်ဆိုးစွဲကပ်နေသည်ဟု အကျွန်ုပ်တို့ဆိုသည်မှာ မမှန်ပါသလောဟု ကိုယ်တော်အား ပြန်ပြောကြ၏။-
    • 49 ယေဇူးက ငါ၌နတ်ဆိုးစွဲကပ်ခြင်းမရှိ။ သို့ရာတွင် ငါသည် ငါ၏ခမည်းတော်ကို ချီးမြှောက်၍ သင်တို့မူကား ငါ့ကိုရှုတ်ချကြ၏။-
    • 50 ငါသည် ငါ၏ဘုန်းသရေကိုရှာသည် မဟုတ်။ သို့သော် ၎င်းကိုရှာသောအရှင်တစ်ပါးရှိ၍ သူ သည် တရားစီရင်မည့်သူဖြစ်၏။-
    • 51 သင်တို့အား ငါဧကန် အမှန်ဆိုသည်ကား ငါ၏စကားကို လိုက်နာကျင့်ကြံသောသူသည် သေခြင်းနှင့် မည်သည့်အခါမျှ ကြုံရလိမ့် မည်မဟုတ်ဟု မိန့်တော်မူ၏။-
    • 52 ထိုအခါ ဂျူးလူမျိုးတို့က ကိုယ်တော်အား သင်၌နတ်ဆိုးစွဲကပ်နေသည်ကို ယခု ငါတို့သိကြပြီ။ အာဘရာဟံသည် သေလွန်ခဲ့ပြီ။ ပရော ဖက်တို့သည်လည်း သေလွန်ကြလေပြီ။ သို့သော် သင် က ငါ့စကားကို လိုက်ကျင့်သောသူသည် သေခြင်းနှင့် မည်သည့်အခါမျှ ကြုံရလိမ့်မည်မဟုတ်ဟု ဆို၏။-
    • 53 သင်သည် သေလွန်ပြီးသော ငါတို့အဖ အာဘရာဟံထက် ကြီးမြတ်ပါသလော။ ပရောဖက်တို့လည်း သေလွန်ခဲ့ကြလေပြီ။ သင်သည် သင့်ကိုယ်သင် မည်သူဟုထင်မှတ်သနည်းဟု မေးကြ၏။-
    • 54 ယေဇူးက ငါသည် မိမိကိုယ်ကို ချီးမြှောက်ပါလျှင် ငါ၏ဘုန်းသရေသည် အချည်းနှီးပင် ဖြစ်၏။ သို့သော် ငါ့ကို ချီးမြှောက်သူကား ငါ၏ခမည်းတော် ပေတည်း။ ထိုအရှင်ကို သင်တို့သည် သင်တို့၏ဘုရားဟု ခေါ်ကြ၏။-
    • 55 သို့သော် သင်တို့သည် ကိုယ်တော့်ကိုမသိ ကြ။ ငါမူကား ကိုယ်တော့်ကိုသိ၏။ အကယ်၍ ကိုယ် တော့်ကို ငါမသိဟုဆိုလျှင် ငါသည် သင်တို့ကဲ့သို့ လိမ်လည်ပြောဆိုသူဖြစ်လိမ့်မည်။ သို့ရာတွင် ငါသည် ကိုယ်တော့်ကိုသိ၍ ကိုယ်တော်၏ နှုတ်တော်ထွက် စကားကိုလည်း စောင့်ထိန်း၏။-
    • 56 သင်တို့၏အဖ အာဘရာဟံသည် ငါကြွလာမည့်အချိန်ကာလကိုမြင်ရမည့်အကြောင်း၌ ဝမ်းမြောက်ရွှင်လန်းခြင်းရှိခဲ့၏။ သူသည် မြင်တွေ့ရသော အခါ၌လည်း ဝမ်းမြောက်ခဲ့၏ဟု မိန့်တော်မူ၏။
    • 57 ထိုအခါ ဂျူးလူမျိုးတို့က ကိုယ်တော်အား သင်သည် အသက်ငါးဆယ်မျှပင် မရှိသေးသော်လည်း အာဘရာဟံကို မြင်တွေ့ခဲ့ပြီလောဟု ဆိုကြ၏။-
    • 58 ယေဇူးကလည်း သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား အာဘရာဟံ မမွေးဖွားမီကပင် ငါရှိနှင့်ပြီဟု သူတို့အား မိန့်တော် မူ၏။-
    • 59 ထိုအခါ သူတို့သည် ကိုယ်တော်အား ပစ်ပေါက်ရန် ကျောက်ခဲများကို ကောက်ကြ၏။ သို့သော် ကိုယ်တော်သည် တိမ်းရှောင်၍ ဗိမာန်တော်မှ ထွက်ခွာသွားတော်မူ ၏။
  • American Standard Version (asv)
    • Active Persistent Session:

      To use a different persistent session key, simply add it above, and click the button below.

      How This All Works

      Your persistent session key, together with your favourite verse, authenticates you. It links to all your notes and tags in the Bible. You can share it with loved ones so they can see your notes and tags.

      However, to modify your notes and tags, you need both the persistent session key and your favourite verse.

      Please Keep Your Favourite Verse Private

      Your persistent session key and favourite verse provide you exclusive access to edit your notes and tags. Think of your persistent session key as a username and your favourite verse as a password. Therefore, ensure your favourite verse is kept private.

      The persistent session key allows viewing, while editing is only possible when the correct favourite verse is provided.

    • Loading...

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

We currently have 11315 verses stored in the database for this particular translation.