Daily Scripture

John 10:19-21

  • 19 There was a division therefore again among the Jews for these sayings.
  • 20 And many of them said, He hath a devil, and is mad; why hear ye him?
  • 21 Others said, These are not the words of him that hath a devil. Can a devil open the eyes of the blind?

Tuesday 17-March, 2026

  • John 19
    • 1 ထို့ကြောင့် ပီလာတုမင်းသည် ယေဇူးကို ခေါ်ဆောင်သွားစေပြီးလျှင် ကြိမ်နှင့်ရိုက်စေ၏။-
    • 2 စစ်သူရဲတို့သည်လည်း ဆူးခက်ဖြင့်ပြီးသော ဦးရစ်သရဖူကို ပြုလုပ်၍ ကိုယ်တော်၏ ဦးခေါင်းတော်ပေါ်၌ တင်ကြပြီး ခရမ်းရောင်ဝတ်ရုံကိုလည်း ကိုယ်တော့်အပေါ် ခြုံပေးကြ၏။-
    • 3 ထို့နောက် သူတို့သည် အထံတော်သို့ချဉ်းကပ်၍ ဂျူးလူမျိုးတို့၏ဘုရင်၊ ကျန်းမာပါစေဟုဆိုကြလျက် ကိုယ်တော်၏ပါးကို ရိုက်ကြ၏။-
    • 4 ပီလာတုမင်းသည် အပြင်သို့ တစ်ဖန်ထွက်ပြီး လူအစုအဝေးတို့အား ငါသည် ဤသူ၌ အပြစ်တစ်စုံတစ်ခုမျှ မတွေ့ကြောင်းကို သင်တို့သိစေခြင်းငှာ သင်တို့ထံသို့ သူ့ကိုခေါ်ထုတ်ခဲ့ပြီဟု ဆို၏။-
    • 5 ထိုအခါ ယေဇူးသည် ဆူးခက်ဖြင့် ပြုလုပ်ထားသော သရဖူကိုဆောင်း၍ ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ကာ အပြင်သို့ ထွက်တော်မူလျှင် ပီလာတုမင်းက ဤသူ့ကိုကြည့်ကြလော့ဟု ဆို၏။-
    • 6 ရဟန်းအကြီးအကဲများနှင့် အစောင့်တို့သည် ကိုယ်တော့်ကိုမြင်ကြလျှင် သူ့ကို လက်ဝါးကပ်တိုင်တင်ပါ၊ သူ့ကို လက်ဝါးကပ်တိုင် တင်ပါဟု ဟစ်အော်ကြ၏။ ပီလာတုမင်းက သင်တို့ကိုယ်တိုင် သူ့ကိုခေါ်သွား၍ လက်ဝါးကပ်တိုင် တင်ကြလော့။ အကြောင်းမူကား ငါသည် သူ့၌ အပြစ်တစ်စုံတစ်ခုကိုမျှ မတွေ့ဟုဆို၏။-
    • 7 ဂျူးလူမျိုးတို့ကလည်း အကျွန်ုပ်တို့၌ ပညတ်ဥပဒေတစ်ခုရှိ၏။ ဤသူသည် မိမိကိုယ်ကို ဘုရားသခင်၏ သားတော်ဟု ဆိုသောကြောင့် ထိုပညတ်ဥပဒေအရ သူသည် သေဒဏ်ခံထိုက်သည်ဟု ပီလာတုမင်းအား ပြန်ပြောကြ၏။
    • 8 ထိုစကားကို ပီလာတုမင်းကြားလျှင် ပို၍ကြောက် ရွံ့လာလေ၏။-
    • 9 သို့ဖြစ်၍ သူသည် အိမ်တော်ထဲသို့ တစ်ဖန်ပြန်ဝင်ပြီးလျှင် ယေဇူးအား သင်သည် မည်သည့်အရပ်က လာသနည်းဟု မေးတော်မူ၏။ ယေဇူးမူကား တစ်ခွန်းမျှ ပြန်ဖြေတော်မမူပေ။-
    • 10 ထို့ကြောင့် ပီလာတုမင်းက သင်သည် ငါနှင့်စကားပြောရန် အလိုမရှိသလော။ ငါသည် သင့်ကိုလွှတ်ပိုင်သည်ကို လည်းကောင်း၊ လက်ဝါးကပ်တိုင် တင်ပိုင်သည်ကိုလည်းကောင်း သင်မသိပါသလောဟု ကိုယ်တော်အား မေးလေ၏။-
    • 11 ယေဇူးက မင်းကြီးသည် အထက်အရပ်မှအခွင့်မရခဲ့ပါလျှင် ငါ့ကို မည်သို့မျှ ပြုလုပ်ပိုင်ခွင့်မရှိ။ ထို့ကြောင့် ငါ့ကို မင်းကြီး၏ လက်သို့ အပ်နှံခဲ့သောသူသည် ပို၍အပြစ်ကြီး၏ဟု သူ့အား မိန့်တော်မူ၏။
    • 12 ထိုအချိန်မှစ၍ ပီလာတုမင်းသည် ယေဇူးကို လွှတ်ပေးနိုင်မည့်နည်းလမ်းကို ရှာကြံလေ၏။ သို့သော် ဂျူးလူမျိုးတို့က ဤသူ့ကို လွှတ်ပေးလျှင် မင်းကြီးသည် ဆီဇာဧကရာဇ်မင်း၏ အဆွေတော်မဟုတ်။ မိမိကိုယ်ကို ရှင်ဘုရင်ဟု ဆိုသောသူ မည်သူမဆို ဧကရာဇ်မင်းကို ဆန့်ကျင်သောသူဖြစ်သည်ဟု ဟစ်အော်ကြ၏။-
    • 13 ပီလာတုမင်းသည် ဤစကားကိုကြားလျှင် ယေဇူးကို အပြင်သို့ခေါ် ဆောင်ခဲ့ပြီးမှ ဟေဗြေဦးဘာသာအားဖြင့် ဂဗ္ဗသဟုခေါ် ဆိုသော ကျောက်ဖျာပေါ်ရှိ တရားပလ္လင်ပေါ်တွင် ထိုင်လေ၏။-
    • 14 ထိုနေ့သည်ကား ပါစကားပွဲတော်အတွက် ပြင်ဆင်ရသောအဖိတ်နေ့ဖြစ်ပြီး အချိန်ကား မွန်းတည့်ချိန်ခန့်ဖြစ်၏။ ပီလာတုမင်းက သင်တို့၏ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ဂျူးလူမျိုးတို့အား ဆိုလေ၏။-
    • 15 ထိုအခါ သူတို့က သူ့ကိုထုတ်ပါ၊ သူ့ကို ထုတ်ပါ၊ သူ့ကိုလက်ဝါးကပ်တိုင် တင်ပါဟု ဟစ်အော်ကြ၏။ ပီလာတုမင်းက ငါသည် သင်တို့၏ ရှင်ဘုရင်ကို လက်ဝါးကပ်တိုင် တင်ရမည်လောဟု သူတို့အားမေးလျှင် ရဟန်းအကြီးအကဲတို့က ငါတို့၌ ဆီဇာဧကရာဇ်မင်း မှတစ်ပါး အခြားသော ရှင်ဘုရင်မရှိပါဟု ပြန်ပြောကြ၏။-
    • 16 ထိုအခါ ပီလာတုမင်းသည် ကိုယ်တော့်ကို လက်ဝါးကပ်တိုင် တင်စေခြင်းငှာ သူတို့၏လက်သို့ အပ်လိုက်လေ၏။
    • 17  သို့ဖြစ်၍ သူတို့သည် ကိုယ်တော့်ကို ခေါ်ဆောင်သွားကြ၏။ ကိုယ်တော်သည် မိမိ၏ လက်ဝါးကပ်တိုင်ကို ထမ်းလျက် ဟေဗြေဦးဘာသာဖြင့် ဂေါလ်ဂေါသဟု ခေါ်ဆို၍ ဦးခေါင်းခွံအရပ်ဟု အမည်တွင်သော အရပ်သို့ ကြွတော်မူ၏။-
    • 18 ထိုအရပ်၌ သူတို့ သည် ကိုယ်တော့်ကို လက်ဝါးကပ်တိုင်တင်ကြလေ၏။ သူတို့သည် ကိုယ်တော့်ကို အလယ်တွင်ထားလျက် အခြားသူနှစ်ဦးကိုလည်း ကိုယ်တော်၏ ဘေးတစ်ဖက်တစ်ချက်စီတွင်ထားကာ လက်ဝါးကပ်တိုင်တင်ကြ၏။-
    • 19 ပီလာတုမင်းသည်လည်း ကမ္ပည်းလိပ်စာရေး၍ ကိုယ်တော်၏ လက်ဝါးကပ်တိုင်ပေါ်တွင် ကပ်ထားစေ၏။ ထိုကမ္ပည်း လိပ်စာသည်ကား ဂျူးလူမျိုးတို့၏ရှင်ဘုရင်၊ နာဇရက်မြို့သား ယေဇူးဟူ၍ဖြစ်၏။-
    • 20 ယေဇူးကို လက်ဝါးကပ်တိုင် တင်သောအရပ်သည် မြို့နှင့်နီးသဖြင့် များစွာသော ဂျူးလူမျိုးတို့သည် ထိုကမ္ပည်းလိပ်စာကို ဖတ်ကြ၏။ ထိုကမ္ပည်းလိပ်စာကိုလည်း ဟေဗြေဦးဘာသာ၊ လက်တင်ဘာသာနှင့် ဂရိဘာသာတို့ဖြင့် ရေးသားထား၏။-
    • 21 ထိုအခါ ဂျူးလူမျိုးတို့၏ ရဟန်းအကြီးအကဲတို့က ဂျူးလူမျိုးတို့၏ ရှင်ဘုရင်ဟူ၍ မရေးပါနှင့်။ ဤသူက ငါသည် ဂျူးလူမျိုးတို့၏ ရှင်ဘုရင်ဖြစ်သည်ဟူ၍ ဆိုခဲ့ကြောင်းကိုသာရေးပါဟု ပီလာတုမင်းအား လျှောက်ထားကြ၏။-
    • 22 ပီလာတုမင်းကလည်း ငါရေးပြီးသောအရာသည် ရေးပြီးလေပြီဟု ပြန်ပြောလေ၏။
    • 23 စစ်သူရဲတို့သည် ယေဇူးကို လက်ဝါးကပ်တိုင် တင်ပြီးနောက် ကိုယ်တော်၏ အဝတ်တော်တို့ကို လေးပိုင်း ပိုင်းကာ တစ်ယောက်တစ်ပိုင်းစီ ခွဲဝေ၍လည်းကောင်း၊ ကိုယ်တော်၏ အတွင်းအင်္ကျီတော်ကိုလည်းကောင်း ယူကြ၏။ အတွင်းအင်္ကျီ တော်သည်ကား ချုပ်ရိုးမရှိဘဲ အထက်စွန်းမှ အောက်စွန်းတိုင်အောင် ရက်လုပ်ထားခြင်းဖြစ်၏။-
    • 24 ထို့ကြောင့် သူတို့က ဤအင်္ကျီကို မဆုတ်ကြနှင့်။ ၎င်းကို မည်သူပိုင်ဆိုင်မည့်အကြောင်း သိစေရန် မဲချကြကုန်အံ့ဟု အချင်းချင်းပြောဆိုကြ၏။ ဤသည်ကား သူတို့သည် ငါ၏အဝတ်များကို ခွဲဝေယူကြ၏။ ငါ၏အင်္ကျီကိုလည်း မဲချ၍ယူကြ၏ ဟူသောကျမ်းချက် ပြည့်စုံစေမည့်အကြောင်းတည်း။
    • 25 စစ်သူရဲတို့သည်လည်း ဤကဲ့သို့ ခွဲဝေယူကြ၏။ ထိုအချိန်၌ ယေဇူး၏ လက်ဝါးကပ်တိုင်အနီးတွင် ရပ်နေကြသော သူတို့သည်ကား ကိုယ်တော်၏မယ်တော်၊ မယ်တော်၏ညီမဖြစ်သော ကလေအိုဖ၏ဇနီး မာရိယာနှင့် မာရိယာမာဒလေးနာ တို့ဖြစ်ကြ၏။-
    • 26 ယေဇူးသည် မယ်တော်နှင့် သူမအနီးတွင်ရပ်နေသည့် မိမိချစ်တော်မူသော တပည့်တော်ကိုမြင်လျှင် မယ်တော်အား အချင်းအမျိုးသမီး၊ သင်၏သားကို ကြည့်ပါဟု မိန့်တော်မူ၏။-
    • 27 ထို့နောက် ကိုယ်တော်သည် တပည့်တော်ကိုလည်း သင်၏အမိကို ကြည့်ပါဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိ၏အိမ်သို့ ခေါ်ဆောင်ထားလေ၏။
    • 28  ထို့နောက် ခပ်သိမ်းသောအရာတို့သည် ပြီးဆုံးပြီဖြစ်ကြောင်းကို ကိုယ်တော်သိမြင်တော်မူသဖြင့် ကျမ်းစာလာသည့်အတိုင်း ပြည့်စုံစေရန် ငါရေငတ်သည်ဟု မိန့် မြွက်တော်မူ၏။-
    • 29 ထိုနေရာ၌ ပုံးရည်အပြည့်ရှိသော အိုးတစ်လုံးရှိ၏။ သို့ဖြစ်၍ သူတို့သည် ရေမြှုပ်တစ်ခုကို ပုံးရည်တွင်နှစ်၍ ဟိဆုပ်ပင်ကိုင်း၏ အဖျား၌ တပ်ပြီးလျှင် ကိုယ်တော်၏နှုတ်ခမ်းနားတွင် တေ့ပေးကြ၏။-
    • 30 ယေဇူးသည်လည်း ပုံးရည်ကိုသောက်ပြီးမှ အားလုံးပြည့်စုံပြီဟု မိန့်မြွက်လျက် ဦးခေါင်းတော်ကိုညွတ်၍ အသက်တော် ကိုစွန့်လိုက်တော်မူ၏။
    • 31  ထိုနေ့သည်ကား အဖိတ်နေ့ဖြစ်၍ ဥပုသ်နေ့တွင် အလောင်းများကို လက်ဝါးကပ်တိုင်ပေါ် ၌ မရှိစေရန် ဂျူးလူမျိုးတို့သည် လက်ဝါးကပ်တိုင် တင်ခံရသူများ၏ ခြေတို့ကိုချိုး၍ သူတို့ကို ယူဆောင်သွားခွင့် ပြုပါမည့်အကြောင်း ပီလာတုမင်းထံသို့ တောင်းလျှောက်ကြ၏။ အကြောင်းမူကား ထိုဥပုသ်သည် ကြီးမြတ်သောဥပုသ်နေ့ဖြစ်၏။-
    • 32 ထို့ကြောင့် စစ်သူရဲတို့သည် လာကြ၍ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင် တင်ခံရသူပထမတစ်ဦးနှင့် အခြားသော သူတစ်ဦး၏ ခြေတို့ကို ချိုးကြ၏။-
    • 33 သို့သော် သူတို့သည် ယေဇူးထံတော်သို့ လာကြသောအခါ ကိုယ်တော်သည် အသက်တော်ကုန်ပြီဖြစ်ကြောင်းကို တွေ့မြင်ကြ၍ ကိုယ်တော်၏ ခြေထောက်ကို မချိုးကြချေ။-
    • 34 စစ်သူရဲများထဲမှ တစ်ဦးသည်ကား ကိုယ်တော်၏နံဘေးတော်ကို လှံဖြင့်ထိုးလေ၏။ ထိုအခါ သွေးနှင့်ရေသည် ချက်ချင်း ထွက်လာ၏။-
    • 35 ထိုအခြင်းအရာကို မြင်ခဲ့သောသူသည်လည်း သက်သေခံ၏။ သူ၏သက်သေခံချက်မှာလည်း မှန်ကန်၍ သူသည် သင်တို့ယုံကြည်စေခြင်းငှာ မှန်သောစကားပြောသည်ကိုလည်း သိလေ၏။-
    • 36 ဤသို့ဖြစ်ပျက်ရခြင်းမှာ သူ၏အရိုးတစ်ချောင်းမျှ မကျိုးစေရ ဟူသောကျမ်းစကား ပြည့်စုံစေရန်ဖြစ်၏။-
    • 37 တစ်ဖန်ကျမ်းစာလာသည်ကား သူတို့သည် မိမိတို့ ထိုးဖောက်ခဲ့သောသူကို ကြည့်ကြလိမ့်မည်ဟူ၍ဖြစ်သတည်း။
    • 38  ထို့နောက် ယေဇူး၏တပည့်ဖြစ်သော်လည်း ဂျူးလူမျိုးတို့ကို ကြောက်သောကြောင့် တပည့်အဖြစ် မထင်မရှားနေသော အာရီမာတေးယမြို့သား ဂျိုးဇက်သည် ယေဇူး၏အလောင်းတော်ကို ယူသွားခွင့်ပြုပါရန် ပီလာတုမင်းထံသို့ လျှောက်ထား လေ၏။ ပီလာတုမင်းသည်လည်း သူ့အား အခွင့်ပေးသဖြင့် သူသည် လာပြီးလျှင် ကိုယ်တော်၏ အလောင်းတော်ကို ယူဆောင် သွားလေ၏။-
    • 39 ယခင်က ယေဇူး၏အထံတော်သို့ ညအချိန်တွင်လာသော နီကိုဒေးမုသည်လည်း မီးရာနှင့် မုတ်ရောထားသော ဆီမွှေးနံ့သာပေါင်း အချိန်တစ်ရာခန့်ကို ယူဆောင်လာလေ၏။-
    • 40 သူတို့သည် ယေဇူး၏အလောင်းတော်ကို ယူဆောင်ပြီးလျှင် ဂျူးလူမျိုးတို့၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သော ဓလေ့ထုံးစံအတိုင်း နံ့သာမျိုးများနှင့်အတူ ပိတ်အဝတ်ဖြင့် ပတ်ရစ်ကြ၏။-
    • 41 ကိုယ်တော့်ကို လက်ဝါးကပ်တိုင်တင် သောအရပ်၌ ဥယျာဉ်တစ်ခုရှိပြီး ထိုဥယျာဉ်၌ မည်သူ့ကိုမျှ သင်္ဂြိုဟ်ဖူးခြင်း မရှိသေးသော သခင်္ျိုင်းဂူ အသစ်တစ်ခု ရှိ၏။-
    • 42 ထိုနေ့သည်ကား ဂျူးလူမျိုးတို့၏အဖိတ်နေ့ဖြစ်၍ သခင်္ျိုင်းဂူသည်လည်း အနီးတွင်ရှိသောကြောင့် သူတို့ သည် ယေဇူးကို ထိုသခင်္ျိုင်း၌ သင်္ဂြိုဟ်ကြလေ၏။
  • American Standard Version (asv)
    • Active Persistent Session:

      To use a different persistent session key, simply add it above, and click the button below.

      How This All Works

      Your persistent session key, together with your favourite verse, authenticates you. It links to all your notes and tags in the Bible. You can share it with loved ones so they can see your notes and tags.

      However, to modify your notes and tags, you need both the persistent session key and your favourite verse.

      Please Keep Your Favourite Verse Private

      Your persistent session key and favourite verse provide you exclusive access to edit your notes and tags. Think of your persistent session key as a username and your favourite verse as a password. Therefore, ensure your favourite verse is kept private.

      The persistent session key allows viewing, while editing is only possible when the correct favourite verse is provided.

    • Loading...

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

We currently have 11315 verses stored in the database for this particular translation.