Daily Scripture

John 10:19-21

  • 19 There was a division therefore again among the Jews for these sayings.
  • 20 And many of them said, He hath a devil, and is mad; why hear ye him?
  • 21 Others said, These are not the words of him that hath a devil. Can a devil open the eyes of the blind?

Tuesday 17-March, 2026

  • John 4
    • 1 ယေဇူးသည် ယောဟန်ထက် ပိုမိုများပြားသော တပည့်များရရှိလျက် ၎င်းတို့အား ဆေးကြောခြင်း ပေးလျက်ရှိသည်ဟူ၍ ဖာရီဇေးဦးတို့ ကြားကြသည်ကို ကိုယ်တော်သိရှိတော်မူသောအခါ၊-
    • 2 (အမှန်စင်စစ် ယေဇူးကိုယ်တော်တိုင်ဆေးကြောခြင်းပေးသည်မဟုတ် ဘဲ တပည့်တော်များကသာလျှင် ဆေးကြောခြင်းကို ပေးခြင်းဖြစ်၏၊)-
    • 3 ကိုယ်တော်သည် ဂျူဒေးယနယ်မှ ထွက်ခွာ၍ ဂါလေလေးယနယ်သို့ တစ်ဖန်ကြွသွားတော်မူ၏။-
    • 4 ကိုယ်တော်သည် ဆမာရိယပြည်ကို ဖြတ်သွားရသဖြင့်၊-
    • 5 ယာကုပ်က မိမိ၏သား ဂျိုးဇက်အား ပေးခဲ့သော မြေကွက်အနီးရှိ ဆီခါအမည်ရှိသော ဆမာရိယမြို့တစ်မြို့သို့ရောက် တော်မူ၏။-
    • 6 ထိုနေရာ၌ ယာကုပ်၏ရေတွင်းရှိ၏။ ယေဇူးသည်လည်း ခရီးပန်းလာသောကြောင့် ထိုရေတွင်း၏ ဘေးတွင် ထိုင်တော်မူ၏။ ထိုအချိန်ကား မွန်းတည့်ချိန် ခန့်ဖြစ်၏။
    • 7 ဆမာရိယအမျိုးသမီးတစ်ဦးသည် ရေခပ်ရန် လာသောအခါ ယေဇူးက ငါ့အား သောက်ရန်ရေပေးပါဟု သူမကို မိန့်တော်မူ၏။-
    • 8 အကြောင်းမူကား ကိုယ်တော်၏ တပည့်တော်တို့သည် စားစရာဝယ်အံ့သောငှာ မြို့ထဲသို့ သွားနေကြသောကြောင့်ဖြစ်၏။-
    • 9 ဆမာရိယအမျိုးသမီးကလည်း ဂျူးလူမျိုးတစ်ဦးဖြစ်သော သင်သည် အဘယ်ကြောင့် ဆမာရိယအမျိုးသမီးတစ်ဦးဖြစ်သော ကျွန်မထံမှ သောက်ရေကို တောင်းပါသနည်းဟု ကိုယ်တော်အား ပြောလေ၏။ အကြောင်းမူကား ဂျူးလူမျိုးတို့သည် ဆမာရိ ယလူမျိုးတို့နှင့် ဆက်ဆံခြင်းလုံး၀ မပြုကြသောကြောင့်တည်း။-
    • 10 ယေဇူးက သင်သည် ဘုရားသခင်၏ ဆုကျေးဇူးတော်ကိုလည်းကောင်း၊ ငါ့အား သောက်ရန်ရေပေးပါဟု သင့်ကိုပြောဆိုသောသူသည် မည်သူဖြစ်ကြောင်းကိုလည်းကောင်း သိခဲ့ပါလျှင် သူ့ထံမှ သင်တောင်းခံ၍ သူသည်လည်း သင့်အား အသက်ရေကိုပေးလိမ့်မည်ဟု မိန့်တော်မူ၏။-
    • 11 အမျိုးသမီးကလည်း သခင်၊ သင်၌ ရေခပ်စရာလည်းမပါ။ ရေတွင်းသည်လည်း နက်ပါ၏။ သို့ဖြစ်လျှင် သင်သည် အသက်ရေကို မည်သည့်နေရာမှ ရနိုင်ပါမည် နည်း။-
    • 12 သင်သည် အကျွန်ုပ်တို့၏အဖ ယာကုပ်ထက် ကြီးမြတ်ပါသလော။ သူသည် ဤရေတွင်းကို အကျွန်ုပ်တို့အား ပေးခဲ့၍ သူကိုယ်တိုင်နှင့် သူ၏သားသမီးများ၊ တိရစ္ဆာန်များသည် ဤရေတွင်းမှ ရေကိုသောက်ခဲ့ကြပါပြီဟု ကိုယ်တော်အား ပြန်ပြောလေ၏။-
    • 13 ယေဇူးကလည်း ဤရေကိုသောက်သောသူသည် နောက်တစ်ဖန်ရေငတ် လိမ့်ဦးမည်။-
    • 14 ငါပေးမည့်ရေကို သောက်သောသူသည်ကား မည်သည့်အခါမျှ ရေငတ်လိမ့်မည်မဟုတ်။ ငါပေးမည့်ရေသည် ထိုသူ၌ ထာ၀ရအသက်ရှင်ခြင်းအဖို့ စီးထွက်လာသော စမ်းရေဖြစ်လိမ့်မည်ဟု သူမအား မိန့်တော်မူ၏။-
    • 15 အမျိုးသမီးကလည်း သခင်၊ ကျွန်မသည် ရေမငတ်စေရန်နှင့် ဤနေရာသို့ ရေလာမခပ်ရစေရန် ကျွန်မအား ထိုရေကို ပေးတော်မူပါဟု တောင်းလျှောက်လေ၏။
    • 16 ယေဇူးကလည်း သွားလော့။ သင်၏ခင်ပွန်းကို ခေါ်၍ ဤနေရာသို့ပြန်လာလော့ဟု သူမအား မိန့်တော်မူ၏။-
    • 17 အမျိုးသမီးကလည်း ကျွန်မ၌ခင်ပွန်းမရှိပါဟု ပြန်လျှောက်လျှင် ယေဇူးက ခင်ပွန်းမရှိပါဟု သင်ဆိုသောစကားသည် မှန်၏။-
    • 18 အကြောင်းမူကား သင်၌ခင်ပွန်း ငါးယောက်ရှိခဲ့လေပြီ။ ယခုသင်နှင့် နေသောသူသည်လည်း သင်၏ခင်ပွန်း မဟုတ်သောကြောင့် သင်ပြောသော ဤစကားသည်မှန်ပေသည်ဟု သူမအား မိန့်တော်မူ၏။-
    • 19 အမျိုးသမီးက သခင်၊ ကိုယ်တော်သည် ပရောဖက်ဖြစ်ကြောင်း ကျွန်မသိပါပြီ။-
    • 20 အကျွန်ုပ်တို့၏ ဘိုးဘေးတို့သည် ဤတောင်ပေါ်၌ ဝတ်ပြုကိုးကွယ်ခဲ့ကြပါသည်။ သို့သော် သင်တို့ဂျူးလူမျိုးများက ဂျေရုဆလင်မြို့သည်သာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရာနေရာဖြစ်သည်ဟူ၍ ဆိုကြပါ၏ဟုလျှောက်လေ၏။-
    • 21 ယေဇူးက အချင်းအမျိုးသမီး၊ ငါ့ကိုယုံကြည်လော့။ ခမည်းတော်ကို ဤတောင်ပေါ်၌လည်းမဟုတ်၊ ဂျေရုဆလင်မြို့၌လည်း မဟုတ်ဘဲ သင်တို့ ကိုးကွယ်ဝတ်ပြုကြရမည့် အချိန်ကာလ ရောက်လာလိမ့်မည်။-
    • 22 သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ဝတ်ပြုကြ၏။ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ဝတ်ပြုကြ၏။ အကြောင်းမူကား ကယ်တင်ခြင်းသည် ဂျူးလူမျိုးများအားဖြင့် ရောက်လာ၏။-
    • 23 သို့သော် ဟုတ်မှန်စွာ ကိုးကွယ်သူတို့သည် ခမည်းတော်ကို ဝိညာဉ်အားဖြင့်လည်းကောင်း၊ သမ္မာတရားအားဖြင့် လည်းကောင်း ကိုးကွယ်ဝတ်ပြုရမည့်အချိန်ကာလ ယခုပင်ရောက်လာလေပြီ။ အကြောင်းမူကား ခမည်းတော်သည် မိမိအား ဤသို့ကိုးကွယ်ဝတ်ပြုသောသူများကို အလိုရှိတော်မူ၏။-
    • 24 ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်တော်မူ၍ ကိုယ်တော့်ကို ကိုးကွယ်ဝတ်ပြုသောသူတို့သည်လည်း ဝိညာဉ်အားဖြင့် လည်းကောင်း၊ သမ္မာတရားအားဖြင့်လည်းကောင်း ကိုးကွယ်ဝတ်ပြုရမည်ဟု မိန့်တော်မူ၏။-
    • 25 ထိုအမျိုးသမီးကလည်း ခရစ်တော်ဟုခေါ်သော မေဆိယကြွလာမည်ကို ကျွန်မသိပါ၏။ ကိုယ်တော်ကြွလာတော် မူသောအခါ အရာခပ်သိမ်းတို့ကို အကျွန်ုပ်တို့အား ဖော်ပြတော်မူလိမ့်မည်ဟု ကိုယ်တော်အား လျှောက်လေ၏။-
    • 26 ယေဇူးကလည်း သင်နှင့် စကားပြောနေသောငါသည် ထိုသူပေတည်းဟု မိန့်တော်မူ၏။
    • 27 ထိုအချိန်တွင်ပင် တပည့်တော်တို့ ပြန်ရောက်လာကြ၍ ကိုယ်တော်သည် ဆမာရိယအမျိုးသမီးနှင့် စကားပြောဆို နေသည်ကို အံ့ဩလျက်ရှိကြ၏။ သို့သော် မည်သူကမျှ ကိုယ်တော်မည်သည့်အရာကို အလိုရှိတော်မူသနည်း၊ သူမနှင့် အဘယ်အကြောင်းအရာကိုပြောဆိုနေ တော်မူသနည်းဟူ၍ မမေးကြချေ။-
    • 28 ထိုအမျိုးသမီးသည်လည်း မိမိ၏ရေအိုးကိုထားခဲ့၍ မြို့တွင်းသို့သွားပြီးလျှင် လူတို့အား၊-
    • 29 ကျွန်မပြုခဲ့သမျှသော အမှုအရာတို့ကို ကျွန်မအား ပြန်လည်ပြောပြသောသူကို လာ၍ကြည့်ကြလော့။ ဤသူသည် ခရစ်တော်ပင် ဖြစ်မည်လောဟုဆိုလျှင်၊-
    • 30 သူတို့သည် မြို့တွင်းမှထွက်လာကြ၍ အထံတော်သို့လာကြ၏။
    • 31 ထိုအချိန်၌ တပည့်တော်တို့က ရာဘီ၊ အစားအစာ သုံးဆောင်တော်မူပါဟု လျှောက်ကြ၏။-
    • 32 သို့သော် ကိုယ်တော်က ငါ၌သင်တို့မသိသော အစားအစာရှိ၏ဟု သူတို့အား မိန့်တော်မူ၏။-
    • 33 တပည့်တော်တို့ကလည်း တစ်စုံတစ်ယောက်သည် ကိုယ်တော့်အတွက် စားစရာပို့ထားပြီလောဟု အချင်းချင်း မေးမြန်းကြ၏။-
    • 34 ယေဇူးက ငါ့ကို စေလွှတ်တော်မူသော အရှင်၏အလိုတော်ကို ဆောင်ရွက်ခြင်းနှင့် ထိုအရှင်၏ အမှုတော်ကို ပြီးမြောက်စေခြင်းသည် ငါ၏အစာပင်ဖြစ်သတည်း။-
    • 35 ယခုအချိန်မှစ၍ လေးလလွန်မှသာ စပါးရိတ်သိမ်းချိန်ရောက်လိမ့်မည်ဟု သင်တို့ဆိုကြသည်မဟုတ်လော။ သင်တို့အား ငါဆိုသည်ကား စပါးရိတ်သိမ်းရန်အတွက် လယ်ကွင်းများသည် ယခုပင် ဝင်းမှည့်နေသည်ကို သင်တို့လှမ်းမျှော်၍ ကြည့်ကြလော့။-
    • 36 စပါးရိတ်သောသူသည် လုပ်အားခကို ရရှိ၍ ထာ၀ရအသက်အဖို့ အသီးအနှံကိုစုသိမ်းလေ၏။ သို့မှသာ မျိုးကြဲသောသူနှင့် စပါးရိတ်သော သူတို့သည် အတူတကွ ဝမ်းမြောက်နိုင်ကြမည်ဖြစ်၏။-
    • 37 အကြောင်းမူကား တစ်ဦးက မျိုးစေ့ကြဲ၍ အခြားတစ်ဦးက ရိတ်သိမ်း၏ ဟူသောဆိုရိုးစကားသည် ဤနေရာ၌ မှန်ကန်သင့်မြတ်ပေ၏။-
    • 38 သင်တို့ မလုပ်ဆောင်ခဲ့ရသော အရပ်၌ ရိတ်သိမ်းစေခြင်းငှာ သင်တို့ကို ငါစေလွှတ်၏။ အခြားသောသူတို့သည် လုပ်ဆောင်ခဲ့ကြပြီး သင်တို့သည် သူတို့၏အလုပ်တွင် ပါဝင်ကြရလေပြီဟု မိန့်တော်မူ၏။
    • 39 သူသည် ကျွန်မပြုခဲ့သမျှ အရာတို့ကို ကျွန်မအား ပြန်လည်ပြောပြခဲ့သည်ဟု သက်သေခံသောအမျိုးသမီး၏ စကားကြောင့် ထိုမြို့မှ ဆမာရိယလူမျိုး များစွာတို့သည် ကိုယ်တော့်ကို ယုံကြည်ကြ၏။-
    • 40 ထို့ကြောင့် ဆမာရိယလူမျိုးတို့သည် အထံတော်သို့ရောက်လာကြသောအခါ မိမိတို့နှင့်အတူ ခေတ္တနေတော်မူပါ မည့်အကြောင်း ကိုယ်တော့်ကို တောင်းပန်ကြ၏။ ကိုယ်တော်သည်လည်း ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။-
    • 41 ကိုယ်တော်၏ နှုတ်တော်ထွက်စကားကြောင့် ပိုမိုများပြားသောသူတို့သည်လည်း ကိုယ်တော့်ကို ယုံကြည်လာ ကြသည်ဖြစ်၍၊-
    • 42 သူတို့က အမျိုးသမီးအား ယခုငါတို့သည် သင်၏စကားကြောင့် ယုံကြည်ကြခြင်းမဟုတ်တော့ပေ။ အကြောင်းမူကား ငါတို့ ကိုယ်တိုင်ကြားနာကြရပြီဖြစ်၍ ကိုယ်တော်သည် ဤလောက၏ ကယ်တင်ရှင် အမှန်စင်စစ် ဖြစ်တော်မူကြောင်း ငါတို့ သိကြလေပြီဟု ဆိုကြ၏။
    • 43 နှစ်ရက်လွန်သောအခါ ကိုယ်တော်သည် ဂါလေလေးယနယ်သို့ကြွတော်မူ၏။-
    • 44 အကြောင်းမူကား ပရောဖက်ဟူသည် မိမိ၏ဇာတိမြေ၌ ဂုဏ်သတင်းကျော်စောခြင်းမရှိဟူ၍ ယေဇူးကိုယ်တော်တိုင် သက်သေခံတော်မူခဲ့ဖူး၏။-
    • 45 သို့ဖြစ်၍ ကိုယ်တော်သည် ဂါလေလေးယနယ်သို့ ရောက်တော်မူသောအခါ ဂါလေလေးယနယ်သားတို့သည် ကိုယ်တော့်ကိုကြိုဆိုကြ၏။ အကြောင်းမူကား သူတို့သည်လည်း ပွဲတော်သို့သွားကြသည်ဖြစ်၍ ပွဲတော်နေ့၌ ဂျေရုဆလင်မြို့တွင် ကိုယ်တော်ပြုတော်မူခဲ့သမျှတို့ကို တွေ့ မြင်ခဲ့ကြပြီးဖြစ်သောကြောင့်တည်း။
    • 46 ကိုယ်တော်သည် ရေကိုစပျစ်ရည်အဖြစ်ပြောင်းလဲခဲ့သော အရပ်ဖြစ်သည့် ဂါလေလေးယနယ်၊ ကာနာမြို့သို့ တစ်ဖန်ကြွလာတော်မူ၏။ ကာဖာနာအုမ်မြို့၌ အမတ်တစ်ဦးရှိ၍ သူ၏သားသည် ဖျားနာလျက်ရှိ၏။-
    • 47 ဂျူဒေးယနယ်မှ ဂါလေလေးယနယ်သို့ ယေဇူးကြွလာတော်မူကြောင်းကို ထိုအမတ်ကြားသော် ကိုယ်တော့်ထံသွား၍ ကိုယ်တော်ကြွလာပြီး မိမိသားကို ပျောက်ကင်းချမ်းသာစေမည့်အကြောင်း တောင်းပန်လေ၏။ အကြောင်းမူကား လူနာသည် သေအံ့ဆဲဆဲဖြစ်နေသောကြောင့်တည်း။-
    • 48 ယေဇူးက သင်တို့သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို မမြင်ရလျှင် ယုံကြည်ကြလိမ့်မည်မဟုတ်ဟု သူ့အား မိန့်တော်မူ၏။-
    • 49 အမတ်ကလည်း သခင်၊ အကျွန်ုပ်၏သား မသေမီကြွလာတော်မူပါဟု ကိုယ်တော်အား လျှောက်လေ၏။-
    • 50 ယေဇူးက သွားလော့၊ သင်၏သား အသက်ချမ်းသာ ရလိမ့်မည်ဟု သူ့အား မိန့်တော်မူလျှင် သူသည် မိမိအား ကိုယ်တော် မိန့်တော်မူသော စကားကို ယုံကြည် လျက် ပြန်သွားလေ၏။-
    • 51 သူသည် ပြန်သွားစဉ်တွင် သူ၏အစေခံများနှင့် ဆုံမိရာ ထိုသူတို့က သူ၏သားအသက် ချမ်းသာရာရကြောင်းကို သူ့အား ပြောကြားကြ၏။-
    • 52 သူက မိမိသား ပျောက်ကင်းချမ်းသာရသည့် အချိန်နာရီကို မေးမြန်းသောအခါ သူတို့က ယမန်နေ့ မွန်းလွဲတစ်နာရီ အချိန်တွင် အဖျားပျောက်ကင်းသည်ဟု ပြန်ဖြေကြ၏။-
    • 53 ဖခင်ဖြစ်သူသည်လည်း ဤအချိန်နာရီသည် ယေဇူးက မိမိအား သင်၏သားအသက်ချမ်းသာရလိမ့်မည်ဟု မိန့် တော်မူခဲ့သောအချိန် ဖြစ်ကြောင်းသိသဖြင့် သူကိုယ်တိုင်နှင့် သူ၏အိမ်သူအိမ်သားအားလုံးတို့သည် ယုံကြည်ကြလေ၏။-
    • 54 ဤနိမိတ်လက္ခဏာသည်ကား ဂျူဒေးယနယ်မှ ဂါလေလေးယနယ်သို့ ယေဇူးကြွတော်မူရာတွင် ဒုတိယအကြိမ် ပြတော်မူသော တန်ခိုးနိမိတ်လက္ခဏာဖြစ်သတည်း။
  • American Standard Version (asv)
    • Active Persistent Session:

      To use a different persistent session key, simply add it above, and click the button below.

      How This All Works

      Your persistent session key, together with your favourite verse, authenticates you. It links to all your notes and tags in the Bible. You can share it with loved ones so they can see your notes and tags.

      However, to modify your notes and tags, you need both the persistent session key and your favourite verse.

      Please Keep Your Favourite Verse Private

      Your persistent session key and favourite verse provide you exclusive access to edit your notes and tags. Think of your persistent session key as a username and your favourite verse as a password. Therefore, ensure your favourite verse is kept private.

      The persistent session key allows viewing, while editing is only possible when the correct favourite verse is provided.

    • Loading...

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

We currently have 11315 verses stored in the database for this particular translation.