Daily Scripture

John 10:19-21

  • 19 There was a division therefore again among the Jews for these sayings.
  • 20 And many of them said, He hath a devil, and is mad; why hear ye him?
  • 21 Others said, These are not the words of him that hath a devil. Can a devil open the eyes of the blind?

Tuesday 17-March, 2026

  • Mark 15
    • 1  နံနက်အချိန်ရောက်သည်နှင့် ရဟန်းအကြီးအကဲများ၊ သက်ကြီးဝါကြီးများ၊ ကျမ်းတတ်ဆရာများနှင့် ဘာသာရေးလွှတ်တော် တစ်ခုလုံးသည် ဆွေးနွေးတိုင်ပင်ကြ၏။ ထို့နောက် သူတို့သည် ယေဇူးကိုချည်နှောင်လျက် ခေါ်ဆောင်သွားကြပြီး ပီလာတုမင်း၏ လက်သို့ အပ်လိုက်ကြ၏။-
    • 2 ပီလာတုမင်းကလည်းသင်သည် ဂျူး လူမျိုးတို့၏ဘုရင်ဖြစ်သလောဟု ကိုယ်တော့်အား မေးလျှင် ကိုယ်တော်က သင်ဆိုလေပြီဟုပြန်ဖြေတော်မူ၏။-
    • 3 ထိုအခါ ရဟန်းအကြီးအကဲတို့သည် ကိုယ်တော့်အပေါ် အကြောင်းအရာများစွာဖြင့် စွပ်စွဲပြောဆိုကြ၏။-
    • 4 တစ်ဖန် ပီလာတုမင်းက ကိုယ်တော်အား သင်၌ဖြေကြားစရာမရှိ သလော။ သင့်အပေါ် စွပ်စွဲထားသောပြစ်ချက်များမည်မျှ များပြားသည်ကို ကြည့်ပါလော့ဟုဆို၏။-
    • 5 သို့ရာတွင် ယေဇူးသည် နောက်ထပ်စကားတစ်ခွန်းမျှပြန်ပြောတော် မမူသောကြောင့် ပီလာတုမင်းသည် အံ့ဩလေ၏။
    • 6  ပွဲတော်အချိန်အခါတွင် ပီလာတုမင်းသည် လူတို့ တောင်းဆိုသောအကျဉ်းသားတစ်ယောက်ကို လွှတ်ပေး လေ့ရှိ၏။-
    • 7 ထိုအချိန်၌၊ ပုန်ကန်ထကြွရာတွင် လူသတ် မှုကျူးလွန်ခဲ့သောကြောင့် အကျဉ်းကျခံနေရသည့်သူ များထဲတွင် ဘာရဘဆိုသူတစ်ဦးရှိလေ၏။-
    • 8 လူအစု အဝေးတို့သည်လည်း လာကြ၍ ပီလာတုမင်းအား မိမိတို့ အတွက် သူပြုလုပ်ပေးလေ့ရှိသည့်အတိုင်း ဆောင်ရွက် ပေးရန် တောင်းခံကြ၏။-
    • 9 ထိုအခါ သူက ဂျူးလူမျိုးတို့၏ ဘုရင်ကို သင်တို့အတွက် လွှတ်ပေးစေလိုသလောဟု သူတို့အား မေးလေ၏။-
    • 10 အကြောင်းမူကား ရဟန်းအကြီး အကဲတို့သည် မနာလိုသောစိတ်ဖြင့် ကိုယ်တော့်ကို အပ် နှံခဲ့ကြကြောင်း သူသိ၏။-
    • 11 သို့သော် ရဟန်းအကြီးအကဲ တို့က လူအစုအဝေးတို့အား သူတို့အတွက် ဘာရဘကို သာလွှတ်စေခြင်းငှာ တောင်းဆိုကြရန် လှုံ့ဆော်တိုက် တွန်းကြ၏။-
    • 12 ပီလာတုမင်းကလည်း ဤသို့ဖြစ်လျှင် ဂျူးလူမျိုးတို့၏ဘုရင်ဟု သင်တို့ခေါ်သောသူကို ငါမည်သို့ပြု ရမည်နည်းဟု သူတို့အား တစ်ဖန်မေးသောအခါ၊-
    • 13 ထို သူတို့က သူ့ကို လက်ဝါးကပ်တိုင်တင်၍သတ်ပါဟု ဟစ်အော်ကြ၏။-
    • 14 ပီလာတုမင်းကလည်း အဘယ်ကြောင့်နည်း။ သူသည် မည်သည့်ပြစ်မှုကိုကျူးလွန်ခဲ့မိသနည်း ဟုမေးသော်လည်း သူတို့က သူ့ကိုလက်ဝါးကပ်တိုင် တင်၍ သတ်ပါဟု ပိုမိုကျယ်လောင်စွာအော်ဟစ်ကြ၏။-
    • 15 ဤသို့ဖြင့် ပီလာတုမင်းသည် လူအစုအဝေးကျေနပ်စေရန် အလိုရှိသောကြောင့် ဘာရဘကို သူတို့အဖို့ လွှတ် ပေး၍ ယေဇူးကို ကြိမ်နှင့်ရိုက်စေပြီးမှ လက်ဝါးကပ်တိုင် တင်စေရန် အပ်လိုက်လေ၏။
    • 16  ထိုအခါ စစ်သူရဲတို့သည် ကိုယ်တော်အား ပရေ တောရီအမ်ဟုခေါ်သော ဘုရင်ခံ၏အိမ်တော်အတွင်းသို့ ခေါ်ဆောင်သွား ကြပြီး စစ်သူရဲတစ်ဖွဲ့လုံးကို စုရုံးစေကြ၏။-
    • 17 ထို့နောက် သူတို့သည် ကိုယ်တော်အား ခရမ်းရောင် ဝတ်ရုံကို ခြုံပေးကြ၍ ဆူးခက်နှင့်ခွေထားသောဦးရစ် သရဖူကိုလည်း ကိုယ်တော်၏ဦးခေါင်းပေါ်တွင် တင်ကြ၏။-
    • 18 ထို့နောက် သူတို့က ဂျူးလူမျိုးတို့၏ဘုရင်၊ သက် တော်ရာကျော်ရှည်ပါစေဟုဆို၍ ကိုယ်တော့်ကို နှုတ် ဆက်ဟန်ပြုကြ၏။-
    • 19 တစ်ဖန် သူတို့သည် ကိုယ်တော်၏ ဦးခေါင်းကို ကျူလုံးနှင့်ရိုက်ကြ၍ တံတွေးနှင့်ထွေးကြပြီး ရှေ့တော်၌လည်း ဒူးထောက် လျက် ဦးညွှတ်ရှိခိုးဟန်ပြုကြ၏။-
    • 20 သူတို့သည် ဤသို့ကိုယ်တော့်ကို လှောင်ပြောင် ပြက်ရယ်ပြုကြပြီးနောက် ခရမ်းရောင်ဝတ်ရုံကို ချွတ်ခွာ ကြပြီး ကိုယ်တော်၏အဝတ်များကို ပြန်ဝတ်စေကြ၏။ ထို့နောက် သူတို့သည် ကိုယ်တော့်ကို လက်ဝါးကပ်တိုင် တင်ရန် ခေါ်ဆောင်သွားကြ၏။
    • 21  စစ်သူရဲတို့သည် အလက်ဇန္ဒားနှင့် ရုဖုတို့၏ဖခင် ဖြစ်သည့်၊ လယ်တောမှပြန်လာသော ဆီရီနေမြို့သား စီမွန်အား လက်ဝါးကပ်တိုင်ကိုထမ်းရန် အတင်းအကျပ် စေခိုင်းကြ၏။-
    • 22 ထို့နောက် သူတို့သည် ကိုယ်တော့်ကို ဂေါလ်ဂေါသဟုအမည်တွင် သောအရပ်သို့ ခေါ်ဆောင်သွားကြ၏။ ထိုအမည်၏အနက် အဓိပ္ပာယ်ကား ဦးခေါင်း ခွံအရပ်ဟူ၍ဖြစ်သတည်း။-
    • 23 သူတို့သည်လည်း မီးရာနှင့် ရောစပ်ထားသောစပျစ်ရည်ကို ကိုယ်တော်အား သောက် ရန် ပေးကြ၏။ သို့သော် ကိုယ်တော်သည် မသောက်ဘဲ နေတော်မူ၏။-
    • 24 ထို့နောက် သူတို့သည် ကိုယ်တော့်ကို လက်ဝါးကပ်တိုင်တင်ကြပြီး ကိုယ်တော်၏အဝတ်တော်တို့ကို တစ်ဦးစီမည်သည့် အပိုင်းကိုယူရမည့်အကြောင်း သိရှိနိုင်ရန် မိမိတို့အကြား၌ မဲချ၍ ခွဲဝေယူကြ၏။
    • 25 ကိုယ်တော့်ကို သူတို့လက်ဝါးကပ်တိုင်တင်သော အချိန်မှာ နံနက်ကိုးနာရီခန့်ဖြစ်၏။-
    • 26 ကိုယ်တော့်အပေါ် စွဲချက်တင်ထားသည့် ကမ္ပည်းစာတမ်းသည်ကား ဂျူးလူမျိုးတို့၏ဘုရင်ဟူ၍ဖြစ်သတည်း။-
    • 27 ထို့ပြင် သူတို့သည် ကိုယ်တော်နှင့်အတူ ဓားပြနှစ်ယောက်ကိုလည်း လက်ယာဘက်၌တစ်ယောက်၊ လက်ဝဲဘက်၌ တစ်ယောက် လက်ဝါးကပ်တိုင်တင်ထားကြ၏။-
    • 28 ဤသို့ဖြင့် သူသည် ရာဇဝတ်သားတို့နှင့်အတူ စာရင်းသွင်းခြင်းခံရ၏ဟူသော ကျမ်းချက်သည်လည်း ပြည့်စုံခြင်းသို့ရောက် လေ၏။-
    • 29 လမ်းပေါ်တွင်ဖြတ်သွားသောသူတို့ကလည်း မိမိတို့၏ဦး ခေါင်းများကိုခါယမ်းကြလျက် ကဲ့ရဲ့ပြောဆိုကြသည်ကား ကြည့်လော့၊ ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်း တည်ဆောက်မည့်သူ၊-
    • 30 ယခု သင့်ကိုယ်သင်ကယ်တင် ၍ လက်ဝါးကပ်တိုင်မှဆင်းလာပါလော့ဟု ဆိုကြ၏။-
    • 31 ထိုနည်းတူပင် ရဟန်းအကြီးအကဲများ နှင့် ကျမ်းတတ် ဆရာတို့သည်လည်း ကိုယ်တော်အား ပြက်ရယ်ပြုကြ၍ အချင်းချင်း ပြောဆိုကြသည်ကား ဤသူသည် အခြားသူ များကိုကယ်တင်ခဲ့ပြီး မိမိကိုယ်ကိုမူ မကယ်တင်နိုင်ပါ တကား။-
    • 32 ငါတို့မြင်ရ၍ ယုံကြည်စေခြင်းငှာ အစ္စရာအဲလ် လူမျိုး၏ဘုရင် ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်မှ ယခုဆင်းလာ ပါစေဟု ပြောဆိုကြ၏။ ကိုယ်တော်နှင့် အတူ လက်ဝါးကပ်တိုင်တင်ခံရသောသူတို့သည်လည်း ကိုယ်တော်အား ကဲ့ရဲ့ ပြစ်တင်ကြ ၏။
    • 33  မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေ တစ်ပြင်လုံး၌ မှောင်အတိကျလေ၏။-
    • 34 ထို့နောက် သုံးနာရီအချိန်တွင် ယေဇူးသည် ကျယ်လောင်သောအသံဖြင့် ဧလိ၊ ဧလိ၊ လာမားဆဘတ္တာနီဟု အော်ဟစ်တော် မူ၏။ အဓိပ္ပာယ်မှာ ကျွန်ုပ်၏ဘုရား၊ ကျွန်ုပ်၏ဘုရား၊ အဘယ်ကြောင့် ကျွန်ုပ်ကို စွန့်ပစ်ထားတော်မူပါသနည်းဟုဆိုလိုသတည်း။-
    • 35 အနားတွင်ရပ်နေကြသောသူအချို့က ဤစကားကိုကြားသောအခါ ကြည့်လော့၊ သူသည် ဧလိယ ကိုခေါ်နေသည်ဟုဆိုကြလေ၏။-
    • 36 ထို့နောက် သူတို့တွင် တစ်ဦးသည် ပြေးသွား၍ ရေစုပ်နိုင်သောရေမြှုပ်ကို ပုံးရည် တွင်နှစ်ပြီးမှ ကျူရိုး၌တပ်ကာ ကိုယ်တော်အား သောက်ရန်ပေးလျက် ခေတ္တစောင့်ကြည့်ကြစို့၊ သူ့ကိုအောက်သို့ ချအံ့သောငှာ ဧလိယလာမည်၊ မလာမည် ကိုကြည့်ကြစို့ ဟုဆိုလေ၏။-
    • 37 ထိုအခါ ယေဇူးသည် ကျယ်လောင်သော အသံဖြင့် အော်ဟစ်လျက် အသက်တော်ကိုစွန့်တော်မူ ၏။-
    • 38 ထိုအချိန်တွင် ဗိမာန်တော်၏ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင်စုတ်၍ နှစ်ပိုင်းကွဲ သွားလေ၏။-
    • 39 ကိုယ်တော်၏ရှေ့တွင်ရပ်နေသော လူတစ်ရာတပ်မှူးသည်လည်း ဤသို့ကိုယ်တော်အသက် တော်ထွက်သွားသည် ကိုမြင်သောအခါ အမှန်စင်စစ် ဤသူသည် ဘုရား၏သားတော်ဖြစ်သည်ဟု ဆိုလေ၏။
    • 40 အချို့သောအမျိုးသမီးများသည်လည်း အဝေးမှရပ်လျက် ကြည့်နေကြ၏။ ထိုသူတို့တွင် မာရိယာမာဒလေးနာ၊ ယာကုပ် အငယ်နှင့် ဂျိုးဇက်တို့၏အမိဖြစ်သူ မာရိယာ နှင့် ဆာလို့မေတို့ပါဝင်ကြ၏။-
    • 41 ထိုအမျိုးသမီးတို့သည် ဂါလေလေးယနယ်တွင် ကိုယ်တော်ရှိတော်မူခဲ့စဉ်က နောက်တော်မှလိုက်၍ လုပ်ကျွေးခြင်းအမှုကို ပြုခဲ့ကြ သောသူများဖြစ်ကြ၏။ ထို့ပြင် ကိုယ်တော်နှင့်အတူ ဂျေရု ဆလင်မြို့သို့လိုက်ပါလာကြသော အခြားအမျိုးသမီးများ လည်း ထိုနေရာတွင် ရှိကြ၏။
    • 42 ထိုနေ့သည်ကား ဥပုသ်နေ့အတွက် ကြိုတင်ပြင် ဆင်ရသောအဖိတ်နေ့ဖြစ်သဖြင့် ညနေအချိန်ရောက် သောအခါ၊-
    • 43 လူသူလေးစားခံရသောလွှတ်တော်အရာရှိ တစ်ဦးဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေ သောသူလည်း ဖြစ်သည့် အာရီမာတေးယမြို့သား ဂျိုးဇက်သည် ပီလတုမင်းထံတော်သို့ ရဲဝံ့စွာဝင်ပြီးလျှင် ယေဇူး၏ အလောင်းတော်ကို တောင်းလေ၏။-
    • 44 ပီလာတုမင်းသည် ကိုယ်တော်အသက်ထွက်တော်မူကြောင်းကိုကြားလျှင် အံ့အားသင့်၍ လူတစ်ရာတပ်မှူးကိုခေါ်လျက် ကိုယ်တော် အသက်ထွက်တော်မူသည့်အကြောင်းကို မေးမြန်းလေ၏။-
    • 45 သူသည် ကိုယ်တော်အသက်ထွက်တော်မူကြောင်း ကို လူတစ်ရာတပ်မှူးထံမှသိရလျှင် အလောင်းတော်ကို ဂျိုးဇက်အား ပေးလေ၏။-
    • 46 ဂျိုးဇက်သည်လည်း ပိတ်ချောကိုဝယ်၍ အလောင်းတော်ကို အောက်သို့ချပြီးလျှင် ပိတ်အဝတ်နှင့်ရစ်ပတ်ကာ ကျောက်ဆောင်တွင်ထွင်းထား သောသခင်္ျိုင်းဂူအသစ်၌ ကိုယ်တော့်ကို သွင်းထားလေ၏။ ထို့နောက် သူသည် သခင်္ျိုင်းဂူအဝ၌လည်း ကျောက်တုံးကြီးတစ်တုံးကို လှိမ့်၍ပိတ်ထားလေ၏။-
    • 47 မာရိယာ မာဒလေးနာနှင့် ဂျိုးဇက်၏အမိ မာရိယာတို့သည်လည်း အလောင်းတော်အား သင်္ဂြိုဟ်သည့်နေရာကို တွေ့ မြင် ကြ၏။
  • American Standard Version (asv)
    • Active Persistent Session:

      To use a different persistent session key, simply add it above, and click the button below.

      How This All Works

      Your persistent session key, together with your favourite verse, authenticates you. It links to all your notes and tags in the Bible. You can share it with loved ones so they can see your notes and tags.

      However, to modify your notes and tags, you need both the persistent session key and your favourite verse.

      Please Keep Your Favourite Verse Private

      Your persistent session key and favourite verse provide you exclusive access to edit your notes and tags. Think of your persistent session key as a username and your favourite verse as a password. Therefore, ensure your favourite verse is kept private.

      The persistent session key allows viewing, while editing is only possible when the correct favourite verse is provided.

    • Loading...

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

We currently have 11315 verses stored in the database for this particular translation.