Daily Scripture

Psalms 128:1-6

  • 1 Blessed is every one that feareth the Lord; that walketh in his ways.
  • 2 For thou shalt eat the labour of thine hands: happy shalt thou be, and it shall be well with thee.
  • 3 Thy wife shall be as a fruitful vine by the sides of thine house: thy children like olive plants round about thy table.
  • 4 Behold, that thus shall the man be blessed that feareth the Lord.
  • 5 The Lord shall bless thee out of Zion: and thou shalt see the good of Jerusalem all the days of thy life.
  • 6 Yea, thou shalt see thy children’s children, and peace upon Israel.

Monday 16-March, 2026

  • Mark 9
    • 1 ထို့နောက် ကိုယ်တော်က ဤနေရာတွင် ရပ်နေ ကြသောသူအချို့တို့မူကား ဘုရားသခင်၏နိုင်ငံတော်သည် တန်ခိုးအာဏာ နှင့် ရောက်လာသည်ကို မမြင် ရမီ သေခြင်းကို မမြည်းစမ်း ရဟု သူတို့အား မိန့်တော်မူ၏။
    • 2  ခြောက်ရက်လွန်သောအခါ ယေဇူးသည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မြင့်သောတောင်ပေါ်သို့ အခြားသူများမပါဘဲ ခေါ်သွားတော်မူ၏။ ထို့နောက် ကိုယ်တော်သည် သူတို့ရှေ့၌ပင် အဆင်းသဏ္ဌာန်ပြောင်း လဲတော်မူလေ၏။-
    • 3 ကိုယ်တော်၏အဝတ်တော်တို့သည် ထွန်းလင်းတောက်ပ၍ အလွန်ဖြူဖွေးလာ၏။ ဤကဲ့သို့ ဖြူစေခြင်းငှာ ကမ္ဘာမြေကြီး ပေါ်ရှိ မည်သည့်ခဝါသည်မျှ မတတ်နိုင်ချေ။-
    • 4 ထိုခဏ၌ ဧလိယသည် မိုးဇက်နှင့်အတူ တပည့်တော်တို့၏ရှေ့တွင်ပေါ်လာ၍ သူတို့သည် ယေဇူးနှင့် စကားပြောဆိုကြ လေ၏။-
    • 5 ထိုအခါ ပေတရုက ဆရာသခင်၊ ဤအရပ်သည် အကျွန်ုပ်တို့အဖို့ အလွန်နေစရာ ကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော့်အတွက် တစ်ဆောင်၊ မိုးဇက်အတွက် တစ်ဆောင်၊ ဧလိယအတွက် တစ်ဆောင်ဆောက်ကြပါစို့ဟု ယေဇူးအား လျှောက် ထားလေ၏။-
    • 6 အကြောင်းမူကား သူတို့သည် အလွန်ပင် ကြောက်ရွံ့တုန်လှုပ်နေကြသောကြောင့် သူသည် မည် သည့်အရာကို ပြောမှန်းမသိ ချေ။-
    • 7 ထိုအခါ မိုးတိမ်သည် သူတို့ကိုဖုံးလွှမ်း၍ မိုးတိမ်ထဲမှ အသံလာသည်ကား ဤ သူသည် ငါအလွန်နှစ်သက်မြတ်နိုးရာ ငါ၏ ချစ်သားပေတည်း။ သူ့ကို နာခံကြလော့ဟူ၍ဖြစ်သတည်း။-
    • 8 သူတို့သည် ရုတ်တရက် မိမိတို့ပတ်လည်သို့ လှည့်ကြည့်ကြ သောအခါ ယေဇူးမှလွဲ၍ အခြားမည်သူ့ကိုမျှ မိမိတို့နှင့် အတူ မတွေ့ ကြတော့ချေ။
    • 9  သူတို့သည် တောင်ပေါ်မှဆင်းလာကြသောအခါ ကိုယ်တော်က လူသားသည် သေခြင်းမှရှင်ပြန်ထမြောက် ပြီးသည်အထိ ယခုသူတို့မြင်ခဲ့သောအရာများကို မည်သူ့ကိုမျှမပြောကြားရန် သူတို့အား တားမြစ်တော်မူ၏။-
    • 10 ထို့ကြောင့် သူတို့သည် ဤအကြောင်းကို မိမိတို့၏စိတ် အတွင်း၌သာထား၍ သေခြင်းမှရှင်ပြန်ထမြောက်ခြင်းဆို သည်မှာ မည်သည့်အရာကိုဆိုလိုသနည်းဟု အချင်းချင်း ပြောဆိုမေးမြန်းကြ၏။-
    • 11 ထို့နောက် သူတို့က သို့ဖြစ်လျှင် ဧလိယသည် ရှေးဦးစွာကြွလာမည်ဟု ကျမ်းတတ်ဆရာတို့က အဘယ်ကြောင့်ဆိုကြပါ သနည်းဟု ကိုယ်တော် အားမေးလျှောက်ကြ၏။-
    • 12 ကိုယ်တော်က သူတို့အား ပြန်ပြောတော်မူသည်မှာ ဧလိယသည် ရှေးဦးစွာလာ၍ ခပ်သိမ်းသောအရာတို့ကို ပြန်လည်တည် ထောင်ရမည်မှန်၏။ သို့ရာတွင် လူသားသည် များစွာသောဒုက္ခဝေဒနာများ ကိုခံရမည့်အကြောင်းနှင့် မထီမဲ့မြင်ပြုခြင်းကို ခံရမည့် အကြောင်း ကျမ်းစာတော်မြတ်တွင် အဘယ်ကြောင့်ရေးထားသနည်း။-
    • 13 သင်တို့အား ငါဆိုသည်ကား ဧလိယသည် ကြွလာခဲ့လေပြီ။ ကျမ်းစာတော်မြတ်တွင် သူ့အကြောင်းကို ရေးထားသည့် အတိုင်း လူတို့သည် သူ့ကို ပြုလိုရာပြုခဲ့ ကြပြီဟု မိန့်တော်မူ၏။
    • 14  သူတို့သည် တပည့်တော်တို့ရှိရာသို့ ရောက်ကြ သောအခါ သူတို့အနီးတွင် များစွာသောလူအစုအဝေးတို့ ရောက်ရှိနေသည်ကို လည်းကောင်း၊ ကျမ်းတတ်ဆရာတို့သည်လည်း သူတို့နှင့် ဆွေးနွေးငြင်းခုံနေကြသည်ကိုလည်းကောင် တွေ့ကြ၏။-
    • 15 လူအပေါင်းတို့သည် ကိုယ်တော်ကိုတွေ့ ကြသည်နှင့်တစ်ပြိုင်နက် အလွန်အံ့ဩကြ လျက် အထံတော်သို့ပြေးလာကြ၍ ကိုယ်တော့်ကို နှုတ်ဆက်ကြလေ၏။-
    • 16 ကိုယ်တော်ကလည်း သင်တို့သည် ထိုသူတို့နှင့် မည်သည့်အကြောင်းအရာကို ဆွေးနွေးနေကြသနည်းဟု သူတို့အား မေးတော်မူ၏။-
    • 17 လူအစုအဝေး ထဲမှတစ်ယောက်က ဆရာသခင်၊ အကျွန်ုပ်၏သားသည် ဆွံ့အစေသောနတ်ဆိုးပူးနေသောကြောင့် သူ့ကို ကိုယ်တော့်ထံသို့ ခေါ်ဆောင်လာခဲ့ပါသည်။-
    • 18 နတ်ဆိုးပူးသော အခါတိုင်း ၎င်းသည် သူ့ကို မြေပေါ်သို့ပစ်ချ၍ သူသည် ပါးစပ်မှ အမြှုပ်များထွက်လာလျက် အံသွားများ ကြိတ်ပြီး ခန္ဓာကိုယ်လည်း တောင့်လာပါသည်။ ထိုနတ်ဆိုးကို နှင် ထုတ်ပေးရန် ကိုယ်တော်၏တပည့်များအား အကျွန်ုပ် တောင်းပန်သော်လည်း သူတို့သည် မတတ်နိုင်ကြပါ ဟုလျှောက်လေ၏။-
    • 19 ကိုယ်တော်ကလည်း အိုယုံကြည် ခြင်းကင်းမဲ့သောလူမျိုးဆက်၊ ငါသည် သင်တို့နှင့် မည်မျှ ကြာအောင်နေရမည်နည်း။ မည်မျှကြာအောင် သင်တို့ကို ငါသည်းခံရမည်နည်း။ သူ့ကို ငါထံသို့ခေါ်ခဲ့ကြလော့ဟု သူတို့အား မိန့်တော်မူ၏။-
    • 20 ထိုအခါ သူတို့သည် သူငယ်ကို အထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ နတ်ဆိုးသည် ကိုယ် တော့်ကိုမြင်လျှင် ချက်ချင်း သူငယ်ကို ပြင်းထန်စွာလှုပ်ခါ သဖြင့် သူငယ်သည် မြေပေါ်သို့လဲကျကာ လူးလိမ့်လျက် ပါးစပ်မှအမြှုပ်များထွက်နေလေ၏။-
    • 21 ယေဇူးက သူ၌ ဤသို့ဖြစ်သည်မှာ မည်မျှကြာပြီနည်းဟု သူငယ်၏ဖခင် အားမေးတော်မူလျှင် သူက သူငယ်စဉ်ကပင် စ၍ဖြစ်ခဲ့ပါသည်။-
    • 22 နတ်ဆိုးသည် သူငယ်ကိုသေစေရန် မီးထဲသို့ လည်းကောင်း၊ ရေထဲသို့လည်းကောင်း အကြိမ်ကြိမ်ပစ် ချခဲ့ပါပြီ။ သို့သော် ကိုယ်တော်တတ်နိုင်တော်မူပါလျှင် အကျွန်ုပ်တို့ကိုသနားသဖြင့် ကူညီတော်မူပါဟု လျှောက် ထားလေ၏။-
    • 23 ထိုအခါ ယေဇူးက ကိုယ်တော်တတ်နိုင် တော်မူပါလျှင်ဟု အဘယ်ကြောင့်ဆိုရသနည်း။ ယုံကြည် သောသူအတွက် ခပ်သိမ်းသောအမှုတို့သည် ဖြစ်နိုင်သည်ဟု သူ့အား မိန့်တော်မူ၏။-
    • 24 သူငယ်၏အဖသည်လည်း ချက်ချင်းပင် အော်ဟစ်အသနားခံလျက် အရှင်ဘုရား၊ အကျွန်ုပ်ယုံကြည်ပါ၏၊ အကျွန်ုပ်၏ အားနည်း သောယုံကြည်ခြင်းကို အားဖြည့်ပေးတော်မူပါဟု ဆိုလေ၏။-
    • 25 ထိုအခါ ယေဇူးသည် အထံတော်သို့ အပြေး အလွှားစုဝေးလာနေကြသောလူအစုအဝေးကို မြင်လျှင် ညစ်ညူးသော နတ်ဆိုး အား ကြိမ်းမောင်းလျက် ဆိုသည်ကား ဆွံ့အ၍ နားပင်းသောနတ်ဆိုး၊ သင့်ကို ငါအမိန့်ပေး၏၊ ဤသူ့ထံမှ ထွက်သွားလော့၊ ဘယ်သောအခါမျှ သူ့အထဲသို့ ပြန်မဝင်လေနှင့်ဟု မိန့်တော်မူ၏။-
    • 26 နတ်ဆိုး သည်လည်း အော်ဟစ်၍ သူငယ်ကို ပြင်းထန်စွာလှုပ်ခါပြီး နောက် သူ့ထံမှ ထွက်သွားလေ၏။ သူငယ်သည်လည်း အသေကောင်ကဲ့သို့ ဖြစ်နေသောကြောင့် လူအများက သူသေပြီဟု ဆိုကြ၏။-
    • 27 သို့သော် ယေဇူးသည် သူငယ် ၏လက်ကိုကိုင်လျက် သူ့အား ထူမတော်မူလျှင် သူသည် ထလာလေ၏။-
    • 28 ထို့နောက် ကိုယ်တော်သည် အိမ်ထဲသို့ဝင်တော်မူသောအခါ တပည့်တော်တို့က အဘယ်ကြောင့် တပည့်တော်တို့သည် နတ်ဆိုးကို မနှင်ထုတ်နိုင် ရပါသနည်းဟု တိတ်တဆိတ်မေးလျှောက်ကြလေ၏။-
    • 29 ကိုယ်တော်ကလည်း ဤနတ်ဆိုးမျိုးကို ဆုတောင်းခြင်း နှင့် အစာရှောင်ခြင်းဖြင့်သာလျှင် နှင်ထုတ်နိုင်သည်ဟု သူတို့အား မိန့်တော်မူ၏။
    • 30  သူတို့သည် ထိုအရပ်မှထွက်ခွာ၍ ဂါလေလေးယ နယ်ကို ဖြတ်သွားကြ၏။ သို့သော် ကိုယ်တော်သည် ဤအကြောင်းကို မည်သူမျှသိစေရန် အလိုတော်မရှိချေ။-
    • 31 အကြောင်းမူကား ကိုယ်တော်က လူသားသည် လူတို့၏ လက်တွင်အပ်နှံခြင်းခံရမည့်အကြောင်း၊ ထိုသူတို့သည် သူ့က ိုအသေသတ်ကြမည့်အကြောင်းနှင့် အသေသတ် ခြင်းခံရပြီး သုံးရက်မြောက်သောနေ့တွင် သူသည်ရှင်ပြန် ထမြောက်မည့် အကြောင်းတို့ကို တပည့်တော်တို့အား ပြောပြလျက် သွန်သင်နေတော်မူသောကြောင့်ဖြစ်၏။-
    • 32 သူတို့မူကား ဤစကားကို နားမလည်ကြဘဲ ကိုယ်တော့် ကို မေးမြန်းရန်လည်း ကြောက်ရွံ့ကြ၏။
    • 33  သူတို့သည် ကာဖာနာအုမ်မြို့သို့ ရောက်လာကြ၍ ကိုယ်တော်သည် အိမ်၌ရှိတော်မူသောအခါ ကိုယ်တော်က သင်တို့သည် လမ်းခရီးတွင် မည်သည့်အကြောင်းကို ပြောဆိုငြင်းခုံနေကြသနည်းဟု သူတို့အား မေးတော်မူ၏။-
    • 34 သူတို့မူကား တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား မိမိတို့တွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သည် ကို လမ်းခရီး၌ သူတို့အချင်းချင်းပြောဆိုငြင်းခုံခဲ့ကြသော ကြောင့်ဖြစ်၏။-
    • 35 ကိုယ်တော်သည်လည်း ထိုင်၍ တစ်ကျိပ်နှစ်ပါးတို့ကိုခေါ် ပြီးလျှင် ပထမဦးဆုံးဖြစ်လိုသောသူသည် အားလုံးတွင် နောက်ဆုံး သော သူနှင့် အားလုံး၏အစေခံ ဖြစ်ရမည်ဟု သူတို့အား မိန့်တော်မူ၏။-
    • 36 ထို့နောက် ကိုယ်တော်သည် သူငယ်တစ်ယောက်ကို အထံတော်သို့ခေါ်ယူ၍ သူတို့၏အလယ်တွင်ထားပြီးမှ သူ့ကိုပွေ့ ချီလျက်၊-
    • 37 ဤကဲ့သို့သောသူငယ်တစ်ဦးကို ငါ၏နာမ၌ လက်ခံသော သူမည်သူမဆို ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူမည် သူမဆို ငါ့ကိုလက်ခံခြင်းမဟုတ်ဘဲ ငါ့ကိုစေလွှတ်တော် မူသောသူကိုလက်ခံခြင်းဖြစ်သည်ဟု မိန့်တော်မူ၏။
    • 38  ယောဟန်ကလည်း အရှင်ဘုရား၊ ကိုယ်တော်၏ နာမတော်ကို အမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်နေသော သူတစ်ယောက် ကို တပည့်တော်တို့တွေ့မြင်ခဲ့ပါ၏။ သူသည် တပည့်တော်တို့နှင့်အတူ မပါဝင်သောကြောင့် သူ့ကို တပည့်တော်တို့တားမြစ် ခဲ့ပါသည်ဟု လျှောက်လေ၏။-
    • 39 သို့သော် ယေဇူးက ထိုသူ့ကိုမတားမြစ်ကြနှင့်။ ငါ၏ နာမ၌ အံ့ဖွယ်ရာများကိုပြုလုပ်ပြီးနောက် ငါ၏အကြောင်း မကောင်း ပြောနိုင်မည့်သူတစ်ဦးမျှရှိလိမ့်မည်မဟုတ်။-
    • 40 အကြောင်းမူကား ငါတို့နှင့်ဆန့်ကျင်ဘက်မဟုတ်သော သူသည် ငါတို့ဘက်တွင် ပါဝင်သောသူဖြစ်၏။-
    • 41 သင်တို့ အား ငါဧကန်အမှန်ဆိုသည်ကား ငါ၏နာမ၌ သင်တို့အား သောက်ရန်ရေတစ်ခွက်ပေးသောသူမည်သူမဆို မိမိ၏ ဆုလာဘ်ကိုဆုံးရှုံးလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။
    • 42  မည်သူမဆို ငါ့ကိုယုံကြည်သောသူငယ်တို့တွင် တစ်စုံတစ်ယောက်ကို အပြစ်ပြုမိစေလျှင် ထိုသူ၏လည် ပင်း၌ ကြိတ်ဆုံ ကျောက်ကိုဆွဲ၍ သူ့ကို ပင်လယ်ထဲသို့ ပစ်ချခြင်းသည် သူ့အတွက် သာ၍ကောင်း၏။-
    • 43 သင်၏ လက်သည် သင့်ကိုအပြစ်ပြုမိစေလျှင် ထိုလက်ကိုဖြတ် ပစ်လော့။ လက်နှစ်ဖက်ရှိလျက် ထာ၀ရမငြိမ်းနိုင်သော ငရဲမီးထဲသို့သွားရခြင်းထက် ကိုယ်အင်္ဂါချို့တဲ့လျက် ထာ ၀ရအသက်ရှင်ခြင်းသို့ ဝင်ရသည်က သာ၍ကောင်း၏။-
    • 44 ထိုနေရာ၌ သူတို့၏လောက်ကောင်ပိုးမသေသကဲ့သို့ မီး လည်းမငြိမ်းရာ။-
    • 45 သင်၏ခြေသည် သင့်ကို အပြစ်ပြုမိစေ လျှင် ထိုခြေကို ဖြတ်ပစ်လော့။ ခြေနှစ်ဖက်ရှိလျက်နှင့် ငရဲ ထဲသို့ ပစ်ချခံရခြင်းထက် မသန်မစွမ်းဘ၀ဖြင့် ထာ၀ရ အသက်ရှင်ခြင်းသို့ ဝင်ရသည်က သာ၍ကောင်း၏။-
    • 46 ထို နေရာ၌ သူတို့၏လောက်ကောင်ပိုးမသေသကဲ့သို့ မီးလည်း မငြိမ်းရာ။-
    • 47 သင်၏မျက်စိသည် သင့်ကိုအပြစ်ပြုမိ စေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ မျက်စိနှစ်လုံးစုံလင်လျက် ငရဲထဲသို့ပစ်ချခံရ ခြင်းထက် မျက်စိတစ်လုံးချို့ယွင်းလျက် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရခြင်းသည် သာ၍ ကောင်း၏။-
    • 48 ထိုနေရာ၌ သူတို့ ၏လောက်ကောင်ပိုးမသေ သကဲ့သို့ မီးလည်းမငြိမ်းရာ။-
    • 49 အကြောင်းမူကား လူတိုင်းသည် မီးဖြင့် ဆားနယ်ခြင်းခံရလိမ့်မည်။ ယဇ်ကောင်ဟူ သမျှသည်လည်း ဆားနယ်ခြင်းခံရ လိမ့်မည်။-
    • 50 ဆားသည် ကောင်းပေ၏။ သို့သော် ဆားသည် အငန်ဓာတ်ပျောက်ခဲ့ ပါလျှင် သင်သည် ငန်သောအရသာကို မည်ကဲ့သို့ ပြန်ရရှိ မည်နည်း။ သင်တို့ကိုယ်တိုင်၌ ဆားရှိစေကြလော့။ သင် တို့အချင်းချင်းငြိမ်းချမ်းစွာနေကြလော့ဟု မိန့်တော်မူ၏။
  • American Standard Version (asv)
    • Active Persistent Session:

      To use a different persistent session key, simply add it above, and click the button below.

      How This All Works

      Your persistent session key, together with your favourite verse, authenticates you. It links to all your notes and tags in the Bible. You can share it with loved ones so they can see your notes and tags.

      However, to modify your notes and tags, you need both the persistent session key and your favourite verse.

      Please Keep Your Favourite Verse Private

      Your persistent session key and favourite verse provide you exclusive access to edit your notes and tags. Think of your persistent session key as a username and your favourite verse as a password. Therefore, ensure your favourite verse is kept private.

      The persistent session key allows viewing, while editing is only possible when the correct favourite verse is provided.

    • Loading...

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

We currently have 11315 verses stored in the database for this particular translation.