Daily Scripture

Psalms 128:1-6

  • 1 Blessed is every one that feareth the Lord; that walketh in his ways.
  • 2 For thou shalt eat the labour of thine hands: happy shalt thou be, and it shall be well with thee.
  • 3 Thy wife shall be as a fruitful vine by the sides of thine house: thy children like olive plants round about thy table.
  • 4 Behold, that thus shall the man be blessed that feareth the Lord.
  • 5 The Lord shall bless thee out of Zion: and thou shalt see the good of Jerusalem all the days of thy life.
  • 6 Yea, thou shalt see thy children’s children, and peace upon Israel.

Monday 16-March, 2026

  • Mark 10
    • 1  ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထွက်ခွာတော်မူ၍ ဂျူဒေးယနယ်နှင့် ဂျော်ဒန်မြစ်တစ်ဖက် ကမ်းသို့ ကြွသွားတော်မူရာ လူအစုအဝေးတို့သည် အထံတော်သို့ တစ်ဖန်စုရုံးလာကြ၏။ ကိုယ်တော်သည်လည်း မိမိပြုလေ့ရှိသည့်အတိုင်း သူတို့ကို ထပ်မံဟောပြောသွန် သင်တော်မူ၏။
    • 2 ထိုအခါ ဖာရီဇေးဦးတို့သည် အထံတော်သို့ချဉ်း ကပ်ကြ၍ လူသည် မိမိ၏မယားနှင့်ကွာရှင်းအပ်သလော ဟု ကိုယ်တော့်ကို စုံစမ်းလိုသောအကြံနှင့် မေးမြန်းကြ၏။-
    • 3 ကိုယ်တော်ကလည်း မိုးဇက်သည် သင်တို့ကို မည် ကဲ့သို့ပညတ်ထားသနည်းဟု သူတို့အား ပြန်မေးတော်မူ၏။-
    • 4 သူတို့က ကွာရှင်းစာချုပ်ရေး၍ မိမိ၏မယားကိုကွာ ရှင်းရန် မိုးဇက်က အခွင့်ပြုခဲ့ပါသည်ဟု ဖြေကြ၏။-
    • 5 သို့သော် ယေဇူးက သူတို့အား မိန့်တော်မူသည်ကား သင်တို့၏စိတ်နှလုံးခက်ထန်ခြင်းကြောင့် မိုးဇက်သည် ဤပညတ်ကို စီရင်ခဲ့၏။-
    • 6 ဖန်ဆင်းခြင်း၏အစ၌မူကား ဘုရားသခင်သည် လူတို့ကို ယောက်ျားနှင့် မိန်းမအဖြစ် ဖန်ဆင်းတော်မူ၏။-
    • 7 ဤအကြောင်းကြောင့် ယောက်ျားသည် မိမိ ၏အမိနှင့် အဖတို့ကိုစွန့်ခွာ၍ မိမိ၏ဇနီးနှင့် ပေါင်းသင်း နေထိုင်ရလိမ့်မည်။-
    • 8 ထိုအခါ သူတို့နှစ်ဦးသည် တစ်သား တစ်ကိုယ်တည်းဖြစ်ရမည်။ သို့ဖြစ်၍ သူတို့သည် နှစ်ဦး မဟုတ်၊ တစ်ဦးတည်း သာဖြစ်၏။-
    • 9 ထို့ကြောင့် ဘုရား သခင်ပေါင်းဖက်ပေးထားတော်မူသောအရာကို လူသည် မခွဲခွာစေနှင့်ဟု မိန့်တော်မူ၏။
    • 10 တပည့်တော်တို့သည် အိမ်တွင် ဤအကြောင်းကို ကိုယ်တော်အား ထပ်မံမေးလျှောက်ကြ၏။-
    • 11 ကိုယ်တော်ကလည်း မည်သူမဆို မိမိ၏ဇနီးနှင့်ကွာရှင်း၍ အခြားတစ်ယောက်နှင့် ပေါင်းသင်းလျှင် မိမိ၏ဇနီးအပေါ် ဖောက်ပြန် ရာရောက်၏။-
    • 12 ဇနီးဖြစ်သူသည်လည်း မိမိ၏ခင်ပွန်းနှင့် ကွာရှင်း၍ အခြားတစ်ယောက်နှင့် ပေါင်းသင်းလျှင် သူမသည် ဖောက်ပြန်ရာရောက် သည်ဟု မိန့်တော်မူ၏။
    • 13  ထိုအခါ လူတို့သည် ကလေးသူငယ်များကို ကိုယ် တော်၏လက်ဖြင့် တို့ထိစေခြင်းငှာ အထံတော်သို့ခေါ် ဆောင်လာကြသဖြင့် တပည့်တော်တို့သည်လည်း သူ တို့ကို အပြစ်တင်ကြ၏။-
    • 14 သို့သော် ထိုအခြင်းအရာကို ယေဇူးမြင်လျှင် အမျက်ထွက်၍ သူတို့အား မိန့်တော်မူ သည်ကား ကလေးသူငယ်တို့ကို ငါ့ထံသို့ လာကြပါစေ။ သူတို့ကို မတားဆီးကြနှင့်။ အကြောင်းမူကား ဘုရား သခင်၏နိုင်ငံတော်သည် ဤကဲ့သို့သောသူတို့၏နိုင်ငံဖြစ် ၏။-
    • 15 သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားသခင်၏ နိုင်ငံတော်ကို ဤကလေးသူငယ်တစ်ဦးကဲ့သို့ လက်မခံသောသူမည် သူမဆို နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။-
    • 16 ထို့နောက် ကိုယ်တော်သည် ကလေး သူငယ်တို့ကို ချီပိုက်၍ သူတို့အပေါ်၌ လက်တော်ကိုတင်လျက် ကောင်းချီးပေး တော်မူ၏။
    • 17  ကိုယ်တော်သည် ခရီးပြုရန်ထွက်ကြွလာတော်မူ စဉ် လူတစ်ယောက်သည် အထံတော်သို့ ပြေးလာ၍ ရှေ့တော်၌ ဒူးထောက်လျက် ကောင်းမြတ်သောဆရာသခင်၊ ထာ၀ရအသက်ကိုရရှိရန် အကျွန်ုပ်သည် မည်သည့်အရာ ကိုပြုရပါမည်နည်းဟု ကိုယ်တော်အား မေးလျှောက်လေ၏။-
    • 18 ထိုအခါ ယေဇူးက သူ့အား အဘယ်ကြောင့် ငါ့ကို ကောင်းမြတ်သည်ဟု သင်ခေါ်ဆိုသနည်း။ ဘုရား သခင်မှတစ်ပါး မည်သူမျှကောင်းမြတ်သည်မဟုတ်။-
    • 19 သင်သည် ပညတ်တော်များကိုသိ၏။ သူ့အသက်ကို မသတ်နှင့်။ သူ့မယားကိုမပြစ်မှားနှင့်။သူ့ဥစ္စာကို မခိုးယူ နှင့်။ မဟုတ်မမှန်သက်သေခံခြင်းကိုမပြုနှင့်။ လိမ်လည်၍ ရယူခြင်းကိုမပြုနှင့်။ သင်၏မိဘတို့ကိုရိုသေလော့ဟု မိန့် တော်မူ၏။-
    • 20 ထိုသူကလည်း ဆရာသခင်၊ အကျွန်ုပ်သည် ဤအရာအားလုံးကို ငယ်စဉ်ကစ၍ စောင့်ထိန်းခဲ့ပါပြီဟု ကိုယ်တော်အား ပြန်လျှောက်လေ၏။-
    • 21 ထိုအခါ ယေဇူးသည် သူ့ကိုကြည့်ပြီး ချစ်ခင်စိတ်ဖြစ်ပေါ်သဖြင့် သင်၌ တစ်ခုလိုနေသေး၏။ သွား၍ သင်၌ရှိသမျှ ဥစ္စာပစ္စည်း တို့ ကိုရောင်းချပြီးလျှင် ဆင်းရဲသားတို့အား ပေးကမ်းစွန့်ကြဲလော့။ ဤသို့ဖြင့် သင်သည် ကောင်းကင်၌ ဘဏ္ဍာကိုရ လိမ့်မည်။ ထို့နောက် လာ၍ ငါ့နောက်သို့လိုက်လော့ဟု သူ့အား မိန့်တော်မူ၏။-
    • 22 သူသည် ဤစကားကိုကြားလျှင် မျက်နှာညှိုးငယ်၍ ဝမ်းနည်းစွာထွက်ခွာသွားလေ၏။ အကြောင်းမူကား သူသည် ဥစ္စာ များစွာကြွယ်၀သောသူ ဖြစ်သောကြောင့်တည်း။
    • 23 ယေဇူးသည်လည်း လှည့်ကြည့်တော်မူပြီးမှ ကြွယ် ၀ချမ်းသာသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော် သို့ဝင်ရောက်ရန် ခက်ခဲလွန်းလှပေသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။-
    • 24 တပည့်တော်တို့သည်လည်း ကိုယ်တော်၏စကားများကြောင့် အံ့ဩနေကြ၏။ သို့သော် ယေဇူးက ချစ်သားတို့၊ ဘုရားသခင် ၏ နိုင်ငံတော်သို့ ဝင်ရောက်ရန် ခက်ခဲလှပေသည်။-
    • 25 ဥစ္စာကြွယ်၀သောသူ သည် ကောင်းကင်နိုင်ငံသို့ဝင်ရခြင်းထက် ကုလားအုပ် သည် အပ်နဖားကိုလျှိုဝင်ရခြင်းက ပို၍လွယ်၏ဟု သူတို့အား ထပ်မံမိန့်တော်မူ၏။-
    • 26 ထိုအခါ သူတို့သည် အလွန် အမင်းအံ့ဩကြလျက် ဤသို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်ခြင်းခံရနိုင်ပါမည်နည်းဟု မေးလျှောက်ကြ၏။-
    • 27 ယေဇူးသည် သူတို့ကိုကြည့်တော်မူ၍ ဤအမှုအရာသည် လူတို့အတွက်မဖြစ်နိုင်သော်လည်း ဘုရားသခင် အတွက်မူ ဖြစ်နိုင်၏။ အကြောင်းမူကား ဘုရားသခင်သည် အရာခပ်သိမ်းကိုတတ်နိုင်တော်မူသည်ဟု မိန့် တော်မူ၏။
    • 28 ထိုအခါ ပေတရုက တပည့်တော်တို့သည် ရှိသမျှကို စွန့်၍ နောက်တော်သို့ လိုက်ခဲ့ကြပါပြီဟု လျှောက်လေ၏။-
    • 29 ယေဇူးကလည်း သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား မည်သူမဆို ငါ့အတွက်နှင့် ဧဝံဂေလိတရားတော်အတွက် အိမ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားသမီးနှင့် မြေယာ များကိုစွန့်လွှတ်လျှင်၊-
    • 30 ယခုဘ၀တွင် ညှဉ်းဆဲခံရခြင်းနှင့် တကွ အိမ်၊ ညီအစ်ကိုများ၊ နှမများ၊ မိခင်များ၊ သားသမီး များနှင့် မြေယာများကို အဆတစ်ရာမရဘဲ မနေသကဲ့သို့ နောင်ဘ၀တွင်လည်း ထာ၀ရအသက်ကို မရဘဲ မရှိရာ။-
    • 31 သို့သော် ပထမဦးဆုံးသောသူများစွာတို့သည် နောက်ဆုံးဖြစ်ကြလိမ့်မည်။ နောက်ဆုံးသောသူတို့သည်လည်း ပထမဦးဆုံး ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
    • 32  သူတို့သည် ဂျေရုဆလင်မြို့သို့ သွားကြသောအခါ လမ်းခရီးတွင် ယေဇူးသည် သူတို့၏ရှေ့မှ ကြွသွားတော်မူ၏။ တပည့်တော်တို့သည်လည်း အံ့ဩကြ၍ နောက်မှ လိုက်ကြသောသူတို့သည်လည်း ကြောက်ရွံ့နေကြ၏။ ကိုယ်တော်သည် တစ်ကျိပ်နှစ်ပါးတို့ကို တစ်ဖန်ခေါ်တော်မူ၍ မိမိ၌ဖြစ်ပျက်လတ္တံ့သောအရာများကို စတင်ပြောဆို တော်မူ၏။-
    • 33 ကိုယ်တော်က ငါတို့သည် ဂျေရုဆလင်မြို့သို့ ခရီးပြုနေကြ၏။ လူသားသည် ရဟန်းအကြီးအကဲတို့နှင့် ကျမ်းတတ် ဆရာတို့၏လက်သို့ အပ်နှံခြင်းခံရလိမ့်မည်။ ထိုသူတို့သည် သူ့ကို သေဒဏ်စီရင်ကြ၍ လူမျိုးခြားတို့ ၏လက်သို့ အပ်နှံကြလိမ့်မည်။-
    • 34 ထိုသူတို့ကပင် သူ့ကို လှောင်ပြောင်၍ တံတွေးနှင့်ထွေးပြီး ရိုက်နှက်ကာ အသေသတ်ကြလိမ့်မည်။ ထို့နောက် သုံးရက် မြောက်သောနေ့တွင် သူသည် ရှင်ပြန်ထမြောက်လိမ့်မည်ဟုမိန့်တော်မူ၏။
    • 35  ထို့နောက် ဇေဘေဒေးဦး၏သားများဖြစ်ကြသော ယာကုပ်နှင့် ယောဟန်တို့သည် အထံတော်သို့ချဉ်းကပ် ကြ၍ ဆရာသခင်၊ တပည့်တော်တို့တောင်းခံရာမှန်သမျှ ကိုပေးသနားစေလိုပါသည်ဟု ကိုယ်တော်အား လျှောက်ကြ၏။-
    • 36 ကိုယ်တော်ကလည်း သင်တို့အဖို့ ငါ့အား မည် သည့်အရာကိုပြုစေလိုသနည်းဟု သူတို့အား မေးတော်မူ၏။-
    • 37 ထိုအခါ သူတို့က တပည့်တော်တို့နှစ်ဦးအား ကိုယ်တော်၏ဘုန်းဂုဏ်တော်၌ လက်ယာဘက်တွင်တစ်ယောက်၊ လက်ဝဲ ဘက်တွင်တစ်ယောက် ထိုင်ရသော အခွင့်ကိုပေးတော်မူပါဟုလျှောက်ထားကြ၏။-
    • 38 သို့သော် ယေဇူးက သင်တို့တောင်းသော အရာကို သင်တို့မသိကြ။ ငါသောက်လတ္တံ့သောခွက်ကို သင်တို့သောက်နိုင်ကြ မည်လော။ သို့မဟုတ် ငါခံယူသောဆေးကြောခြင်းကို သင်တို့ခံယူနိုင်ကြမည်လောဟု မေးတော်မူသောအခါ၊-
    • 39 သူတို့က တပည့်တော်တို့တတ်နိုင်ပါ၏ဟု ပြန်လျှောက်ကြ၏။ ယေဇူးကလည်း ငါသောက်လတ္တံ့သောခွက်ကို သင်တို့ သောက်ကြရလိမ့်မည်။ ငါခံယူသောဆေးကြောခြင်းကိုလည်း သင်တို့ခံယူကြရလိမ့်မည်မှန်၏။-
    • 40 သို့သော် ငါ၏လက်ယာဘက် နှင့် လက်ဝဲဘက်၌ ထိုင်ရသောအခွင့်ကိုမူကား ငါပေးပိုင်ခွင့်မရှိ။ ၎င်းသည် ပြင်ဆင် ထားသောသူတို့အတွက်ဖြစ်သည်ဟု မိန့်တော်မူ၏။
    • 41 တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကို ကြားကြသောအခါ ယာကုပ်နှင့် ယောဟန်တို့အပေါ် အမျက်ထွက်ကြ၏။-
    • 42 ထိုအခါ ယေဇူးသည် သူတို့ကို အထံတော်သို့ခေါ်၍ မိန့်တော်မူသည်မှာ လူမျိုးခြားတို့အပေါ် အုပ်စိုးကြရသည့် ဘုရင်များ သည် သူတို့အပေါ် အစိုးတရ ပြုတတ်ကြ၍ သူတို့၏အကြီးအကဲများသည်လည်း သူ တို့အပေါ်၌ ဩဇာအာဏာပြတတ်ကြသည် ကို သင်တို့ သိကြ၏။-
    • 43 သင်တို့၌မူကား ထိုသို့မဖြစ်စေရ။ သင်တို့တွင် အကြီးဆုံးဖြစ်လိုသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။-
    • 44 သင်တို့တွင် ပထမဦးဆုံးဖြစ်လိုသောသူသည် အားလုံး၏ကျွန်ဖြစ်ရမည်။-
    • 45 အကြောင်းမူကား လူသားသည် သူတစ်ပါးက အစေခံသည်ကိုခံယူရန်ကြွလာသည် မဟုတ်ဘဲ အစေခံခြင်းငှာလည်းကောင်း၊ မိမိ၏အသက် ကိုစွန့်၍ လူများစွာကို ကယ်တင်ခြင်းငှာလည်းကောင်း ကြွလာသည်ဟုမိန့်တော်မူ၏။
    • 46  ထို့နောက် သူတို့သည် ဂျေရီခိုမြို့သို့ရောက်လာကြ၏။ ကိုယ်တော်သည်လည်း တပည့်တော်တို့နှင့်အတူ ကြီးစွာသော လူအစုအဝေးနှင့် ဂျေရီခိုမြို့မှထွက်ခွာလာစဉ် တီမေးဦး၏သားဖြစ်သူ မျက်မမြင်ဘာတီမေးဦးသည် လမ်းဘေး၌ ထိုင်လျက် တောင်းစားနေလေ၏။-
    • 47 သူသည် နာဇရက်မြို့သား ယေဇူးကြွလာတော်မူကြောင်းကိုကြား လျှင် ဒါဝိဒ်၏သားတော် ယေဇူး၊ အကျွန်ုပ်ကို သနားတော် မူပါဟု စတင်အော်ဟစ်အသနားခံလေ၏။-
    • 48 လူတို့သည် သူ့အား တိတ်ဆိတ်စွာနေရန် ကြိမ်းမောင်းပြောဆိုကြ သော်လည်း သူက ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို သနား တော်မူပါဟု ပို၍ပင်ကျယ်လောင်စွာအော်ဟစ်လေ၏။-
    • 49 ထိုအခါ ယေဇူးသည် ရပ်တန့်၍ သူ့ကိုခေါ်ခဲ့ကြလော့ဟု မိန့်တော်မူ၏။ သူတို့သည်လည်း မျက်မမြင်ကိုခေါ်ကြလျက် အားမငယ်နှင့်။ ထလော့၊ ကိုယ်တော်သည် သင့်ကိုခေါ်နေပြီဟု သူ့အားဆိုကြ၏။-
    • 50 ထိုသူသည်လည်း မိမိ ၏ဝတ်ရုံကိုခွာပစ်၍ ခုန်ထကာ ယေဇူး၏အထံတော်သို့ လာလေ၏။-
    • 51 ယေဇူးကလည်း သင့်အတွက် ငါ့အား မည် သည့်အရာကိုပြုလုပ်စေလိုသနည်းဟု မေးတော်မူလျှင် မျက်မမြင်က ဆရာသခင်၊ အကျွန်ုပ်ကို မျက်စိပြန်မြင်စေ တော်မူပါဟု လျှောက်လေ၏။-
    • 52 ထိုအခါ ယေဇူးက သွားလော့၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်လေ ပြီဟု မိန့်တော်မူလျှင် သူသည် ချက်ချင်းပင် မျက်စိမြင်၍ ကိုယ်တော်၏နောက်တော်သို့လိုက်လေ၏။
  • American Standard Version (asv)
    • Active Persistent Session:

      To use a different persistent session key, simply add it above, and click the button below.

      How This All Works

      Your persistent session key, together with your favourite verse, authenticates you. It links to all your notes and tags in the Bible. You can share it with loved ones so they can see your notes and tags.

      However, to modify your notes and tags, you need both the persistent session key and your favourite verse.

      Please Keep Your Favourite Verse Private

      Your persistent session key and favourite verse provide you exclusive access to edit your notes and tags. Think of your persistent session key as a username and your favourite verse as a password. Therefore, ensure your favourite verse is kept private.

      The persistent session key allows viewing, while editing is only possible when the correct favourite verse is provided.

    • Loading...

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

We currently have 11315 verses stored in the database for this particular translation.